ရှေ့သို့
Image

ကော်တင်ဟိုအပြောင်းအရွှေ့အတွက် မီးစိမ်းပြလိုက်တဲ့ အာတီတာ

1:21 PM, 28 December

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဘာစီလိုနာစတား ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် မီးစိမ်းပြလိုက်ပြီလို့ သိရပါတယ်။ ကော်တင်ဟိုရဲ့ အေးဂျင့်ဟာ လန်ဒန်ကိုသွားပြီး အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမယ်လို့ သိရကာ ဘာစီလိုနာကလည်း ဘဏ္ဍာရေးအခြေအနေကြောင့် ရှင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့် ဘရာဇီးသားကို အာဆင်နယ်အပြင် တော့တင်ဟမ် ၊ အဲဗာတန် နဲ့ နယူးကာဆယ်တို့ကလည်း စိတ်ဝင်စားနေပါတယ်။ သတင်းတွေအရ အာတီတာဟာ လီဗာပူးကွင်းလယ်လူဟောင်းကို ခေါ်ယူဖို့ မီးစိမ်းပြလိုက်ပြီလို့ ဖော်ပြနေကြပါတယ်။
အာတီတာက ကော်တင်ဟိုတစ်ယောက် လီဗာပူးမှာတုန်းက ပြသခဲ့တဲ့ခြေစွမ်းကောင်းတွေအတိုင်း ပြန်လည်ရှာဖွေနိုင်ဖို့ မျှော်လင့်နေပါတယ်။

"မလွယ်ကူဘူးဆိုရင်တောင် အပြောင်းအလဲတစ်ခုက အသုံးဝင်လာနိုင်ပါတယ်။ အဲ့အတွက်လည်း လုပ်ဆောင်နေပါတယ်။ ဘာကိုလိုအပ်လဲဆိုတာ ကျွန်တော်တို့နားလည်ပါတယ်"လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဘရာဇီးသားအနေနဲ့ အာဆင်နယ်အသင်းရဲ့ ပွဲထွက် ၁၁ ယောက် လူစာရင်းမှာ ပါဝင်နိုင်ဖို့တော့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။

အသင်းရဲ့စည်းလုံးမှုအပိုင်းနဲ့ပတ်သက်ပြီး အာတီတာက "ကျွန်တော်တို့ ပွဲတိုင်းကိုထိန်းချုပ်နိုင်အောင် ကြိုးပမ်းပါတယ်။ ကြီးမားတဲ့နိုင်ပွဲပါ။ အဲ့အတွက် အရမ်းပျော်ပါတယ်။ ပရီးမီးယားလိဂ်မှာ နိုင်ပွဲရဖို့က မလွယ်ကူပါဘူး။ ပွဲအစကတည်းက ထိန်းချုပ်ကစားနိုင်ခဲ့ပြီး အရည်အချင်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးစွမ်းဆောင်ရည်တွေ ဆက်လက်ပြသနေဖို့ လိုအပ်ပါတယ်"လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#ဘာစီလိုနာ #အာတီတာ #အာဆင်နယ် #အပြောင်းအရွှေ့ #ကော်တင်ဟို