ရှေ့သို့
Image

လက်စတာနဲ့ ပွဲစဉ်မှာ အလွန်အကျွံ အောင်ပွဲခံခဲ့ပြီးနောက် ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မာရက်ဇ်

11:27 AM, 27 December

မန်စီးတီးကြယ်ပွင့် ရီယက်ဒ် မာရက်ဇ်ဟာ အသင်းဟောင်း လက်စတာနဲ့ပွဲစဉ်မှာ ဂိုးသွင်းအပြီး အလွန်အကျွံ အောင်ပွဲခံခဲ့တာကြောင့် ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်နေရပါတယ်။ မန်စီးတီးအသင်းဟာ မာရက်ဇ်ကို ၂၀၁၈ခုနှစ်က လက်စတာကနေ ပေါင် သန်း၅၀နဲ့ ခေါ်ယူခဲ့ပြီးနောက် အယ်လ်ဂျီးရီးယားသားဟာ အသင်းမှာ အဓိက ကစားသမားအဖြစ် အလျင်အမြန် အထိုင်ကျခဲ့ပါတယ်။

ယမန်နေ့ည ဘောက်ဆင်ဒေးပွဲစဉ်မှာလည်း မန်စီးတီးတို့ ဂိုးပြတ်နိုင်ခဲ့ပြီး မာရက်ဇ်က ဒုတိယပဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ အသင်းဟောင်းအပေါ် ဂိုးသွင်းအပြီး မာရက်ဇ်တစ်ယောက် အလွန်အကျွံ အောင်ပွဲခံခဲ့ခြင်းအပေါ် ပရိသတ်အချို့က တွစ်တာမှာ ပေါက်ကွဲခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက “မာရက်ဇ်က အလွန်အကျွံကို အောင်ပွဲခံနေတာ”ဆိုပြီး ရယ်နေတဲ့ Emojiတွေနဲ့ တင်ခဲ့ပါတယ်။ နောက်တစ်ဦးကလည်း “မာရက်ဇ် အောင်ပွဲခံနေပြီး။ my GOAT”ဆိုပြီး နောက်ပြောင်ခဲ့ပါတယ်။ နောက်တစ်ယောက်က “အချိန်ကောင်းမှာ အသင်းဟောင်းအပေါ် အောင်ပွဲခံတော့ လေးစားမှုက ဘယ်လိုရနိုင်မလဲ မာရက်ဇ်ရေ”လို့ ဆိုခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း “မာရက်ဇ်က သူ့ကို ကြယ်ပွင့်ဖြစ်အောင် လုပ်ပေးခဲ့တဲ့ အသင်းကို အောင်ပွဲခံတာက တော်တော်ဆိုးပါတယ်”လို့ ဝေဖန်ခဲ့ပါတယ်။

မာရက်ဇ်ဟာ ၂၀၁၅-၁၆ရာသီက ပရီးမီးယားလိဂ်ဖလားကို မဖြစ်နိုင်တဲ့ အနေအထားကနေ ဆွတ်ခူးခဲ့တဲ့ လက်စတာအသင်းမှာ ပါဝင်ခဲ့ပါတယ်။ အဆိုပါရာသီမှာ မာရက်ဇ်ဟာ လက်စတာအတွက် ၁၇ဂိုး သွင်းယူကာ ၁၀ဂိုး ဖန်တီးပေးခဲ့ပါတယ်။

PFAအကောင်းဆုံး ကစားသမားဆုကိုလည်း ဟယ်ရီကိန်း၊ အိုဇေးလ်၊ ပါယက်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

#မန်စီးတီး #လက်စတာ #မာရက်ဇ်