ရှေ့သို့
Image

မန်စီးတီးကို လိုက်မီဖို့ ပွဲတိုင်းကို ဖိုင်နယ်လို ကစားမည်ဟု ဆိုလိုက်တဲ့ လူကာကူ

9:48 AM, 27 December

အက်စတွန်ဗီလာကို ဘောက်ဆင်ဒေးမှာ ၃-၁ဂိုးဖြင့် အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ဆုဖလားကို ရအောင် ယူသွားမည်ဟု တိုက်စစ်မှူး လူကာကူက ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ အသက်၂၈နှစ်အရွယ် လူကာကူဟာ စက်တင်ဘာလနောက်ပိုင်း သူရဲ့ ပထမဆုံးလိဂ်ဂိုးအဖြစ် ဗီလာပါ့ခ်မှာ သွင်းယူခဲ့ပြီး အနိုင်ရလဒ်ကြောင့် လီဗာပူးနဲ့ ရမှတ်တူ မန်စီးတီးနဲ့ ၆မှတ်အကွာတွင် ရှိနေပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ နိုဝင်ဘာလက ခြေကျင်းဝတ် ဒဏ်ရာ ရရှိပြီး နောက်ပိုင်း တူချယ်ရဲ့ အသင်းမှာ ပြန်လည် ပါဝင်ကစားနေပေမယ့် ဂိုးပေါက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ ချဲလ်ဆီးရဲ့ နောက်ဆုံး ၂ပွဲကို ကိုဗစ်ပိုး positive ထွက်မှုကြောင့် လွဲချော် ထားခဲ့ရပါတယ်။ ဗီလာနဲ့ဘောက်ဆင်ဒေးပွဲမှာ အရန်ခုံကနေ ထလာကာ ဂိုးသွင်းနိုင်ခဲ့ပြီး မိမိအနေနဲ့ ပွဲထွက်စာရင်းမှာ ပြန်လည်ပါဝင်ကာ ခြေစွမ်းပြရန် စိတ်အားထက်သန်လျက် ရှိကြောင်း လူကာကူက ပြောကြားခဲ့သည်။

“ကျွန်တော်အနေနဲ့ ဒီကနေ့လို့ခြေစွမ်းမျိုး လိုအပ်တယ်လို့ထင်ပါတယ်။  ပွဲအဆံုံးသတ်မှာ ပိုပြီး ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။ ကစားသမားအားလုံးတိုင်းကတော့ ကွင်းထဲမှာ ရှိချင်ကြပါတယ်။ မန်နေဂျာက သူရဲ့ အကြောင်းရင်း ရှိပါတယ် ဒါပေမဲ့ ကျွန်တော် အလုပ် ကြိုးစားနေခဲ့ပြီး ဒီကနေ့မှာ အနိုင်ရတဲ့အတွက် သိပ်ကောင်းပါတယ်။ ကိုယ်ကိုကိုယ်အတွက်ဆိုရင် စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ပျော်ရွှင်ပါတယ် ဆက်လက် တွန်းအားပေးသွားချင်ပါတယ်။ ဂိုးက လှုပ်ရှားမှုနဲ့ဆိုင်ပါတယ် ဘောလုံးက ဖြတ်တင်ဘောနဲ့ လာမယ်လို့တွေးမိခဲ့ပါတယ် နှစ်များစွာအတွင်း ကျွန်တော်ရဲ့ ဧရိယာအတွင်း ရှိမှုက ပိုပြီး ကောင်းလာပါတယ်။ တည်ငြိမ်မှု နည်းအောင် ကြိုးစားပြီး တစ်ချိန်လုံး လှုပ်ရှားနေဖို့ကြိုးစားတယ်။ ဖြတ်တင်ဘောက သိပ်ကောင်းပြီး ကျွန်တော် အသာအယာ ထည့်လိုက်ရုံပါပဲ။ နေရာလွတ်ကို ပြေးပြီး ကျွန်တော့်ရဲ့ အရှိန်နဲ့ပါဝါကို အသုံးချပြီး အဆုံးသတ်တာက ကျွန်အကြိုက်ဆုံး လုပ်ဆောင်ချက် တစ်ခုပါပဲ။ နောက်ခံလူက ကျွန်တော်နောက်လိုက်ပေမယ့် ဂျော်ဂျင်ဟိုက အသင်းအတွက် အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်”ဟု ဆိုသည်။

ဆုဖလားရယူဖို့ရည်မှန်းနေတဲ့ ချဲလ်ဆီးဟာ ဗီလာနဲ့ပွဲတွင် ရလဒ်မကောင်းခဲ့ပါက အမှတ်ပေးတိုက်ပွဲတွင် ခြေချော်သွားနိုင်တဲ့ အနေအထား ရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ အဲဗာတန်၊ ဝုဗ်ပွဲတွေမှာ သရေကျသာ ရခဲ့မှုတွေကြောင့် တတိယနေရာကို ဆင်းသက်ခဲ့ရပြီး ဗီလာနဲ့တနင်္ဂနွေပွဲစဉ်ဟာ အရေးပါမှု ရှိခဲ့သည်။

အခု“ကျွန်တော်တို့ဟာ မုဆိုးတွေလိုပါပဲ။ ကျွန်တော်တို့နောက်ဆုံးရလဒ်က အကောင်းဆုံး မဟုတ်ခဲ့ပါဘူး ဒါကြောင့် လိုက်ရှာခဲ့ရပါတယ်။  ရာသီအဆုံးထိ ပွဲတိုင်းက ဖိုင်နယ်ပွဲတွေပါပဲ။ ပြိုင်ဘက်ကို သင်အနေနဲ့ ဖိုင်နယ်လို ကစားရပါမယ်။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်ရှိ ပွဲတိုင်းက ခက်ခဲမှု ရှိပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ ကျွန်တော်တို့ အနိုင်ရပြီး ဆုဖလားကို ရယူဖို့ဆက်လက် တွန်းအားပေး ကြိုးစားသွားရမှာပါ။ ဒီကနေ့မှာ ကိုယ်အလုပ့်ကိုယ် လုပ်နိုင်ခဲ့ကြတယ်။ ပွဲကို အနိုင်ရဖို့အရေးကြီးခဲ့တယ်။ အက်စတွန်ဗီလာက နောက်ဆုံးပွဲတွေမှာ သိပ်ကောင်းခဲ့တာ ဖြစ်တယ်။ စတီဗင်ဂျာရတ်နဲ့သူရဲ့ အဖွဲ့၊ ကစားသမားတွေကို ချီးကျူးရမှာပါ။ သူတို့မှာ အသင်းကောင်း တစ်သင်းရှိပြီး အသင်းအတွက် မလွယ်ကူခဲ့ပါဘူး။ အခုတော့ ကျွန်တော်တို့တွန်းအားပေးသွားမှာ ဖြစ်ပြီး ပွဲတိုင်းကို ဖိုင်နယ်လို ကစားရမှာပါ ဒါပါပဲ”ဟု ပြောကြားသွားခဲ့ပါတယ်။

#မန်စီးတီး #အက်စတွန်ဗီလာ #လူကာကူ