ရှေ့သို့
Image

မာရှယ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ လက်လွှတ်ရဖွယ်ရှိနေတယ်လို့ ယူနိုက်တက်ဝန်ခံ

9:09 AM, 27 December

ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး မာရှယ်ကို သင့်လျော်တဲ့ကမ်းလှမ်းမှုရမယ်ဆိုရင် ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောင်းချဖွယ်ရှိနေပါတယ်။ ယာယီနည်းပြ ရန်နစ်က မာရှယ်တစ်ယောက် အသင်းမှာ ပွဲထွက်ခွင့်မရတာနဲ့ပတ်သက်ပြီး စိတ်ပျက်နေတယ်ဆိုတာကို နားလည်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် ရန်နစ်က မာရှယ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းမပြောင်းပဲ ယူနိုက်တက်မှာ ဆက်ရှိနေသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၆ နှစ်သားဟာ ယူနိုက်တက်အသင်းနဲ့ ၂ နှစ်ခွဲစာချုပ် ကျန်ရှိနေပြီး တစ်ပတ်လုပ်ခပေါင် ၂ သိန်းရရှိနေတာဖြစ်ပါတယ်။

ပြင်သစ်သားကို ဆီဗီလာအသင်းက အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားကလည်း အသင်းပြောင်းဖို့ စိတ်ဝင်စားနေပါတယ်။ မိုနာကိုစတားဟောင်းဟာ ၂၀၁၅ တုန်းက ယူနိုက်တက်ကို မိုနာအသင်းထံကနေ ပေါင် ၅၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ ၂၆၈ ပွဲမှာ ၇၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် အခုရာသီမှာတော့ ၄ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

"ကျွန်တော်တို့အကြာကြီး စကားပြောခဲ့ပါတယ်။ သူက ဒီမှာ ၇ နှစ်ကြာကစားခဲ့ပြီးပြီဆိုတာကို ရှင်းပြပါတယ်။ သူက ပွဲထွက်ခွင့်လိုချင်နေပါတယ်။ အခြားတစ်ဖက်မှာလည်း သူက အသင်းအတွက် အရေးကြီးပါတယ်။ ကစားသမားတိုင်းကို အသင်းမှာ လိုအပ်ပါတယ်။ သင့်တော်တဲ့ကမ်းလှမ်းမှုမရရင် ဒီမှာဆက်နေဖို့ တိုက်တွန်းချင်ပါတယ်"လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

ရန်နစ်ဟာ မာရှယ်ရဲ့အသင်းဖော် ပေါ့ဂ်ဘာနဲ့လည်း စကားပြောဖြစ်ခဲ့သေးတာဖြစ်ပါတယ်။ "လက်ရှိမှာ သူပြန်လာနိုင်ဖို့ပဲ လိုအပ်ပါတယ်"လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ နွေရာသီမတိုင်ခင်အထိ အပြောင်းအရွှေ့အတွက် လှုပ်ရှားဖွယ်မရှိတာဖြစ်ပါတယ်။ ဒီနေ့ညမှာ ယူနိုက်တက်ဟာ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #မာရှယ် #ရန်နစ်