ရှေ့သို့
Image

ရော်နယ်ဒင်ဟိုရဲ့လျှမ်းလျှမ်းတောက်ပုံရိပ်ကို ပြန်သတိရမိစေမယ့် ဇာခါရဲ့စကေးတစ်ပေါက်

8:10 AM, 27 December

ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် နောဝစ်ချ်ကို ၅-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့အဝေးကွင်းပွဲမှာ အာဆင်နယ်ကွင်းလယ်လူ ဇာခါဟာ တစ်ချိန်ချိန်က လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့ ရော်နယ်ဒင်ဟိုကို ပြန်ပြောင်းအမှတ်ရစေမယ့်အကွက် ထုတ်ပြသွားပါတယ်။

အာဆင်နယ်အတွက် အဲဒီပွဲမှာ ဆာကာ(၂ဂိုး)၊ တီယာနေး၊ လာကာဇက်တီနဲ့ စမစ်ရိုတို့က ဂိုးတွေအသီးသီးသွင်းယူပေးခဲ့ပြီး ဇာခါက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အာဆင်နယ်ပရိသတ်တွေ သဘောကျစေမယ့်အကွက်မျိုး လုပ်ဆောင်သွားပါတယ်။

ကွင်းလယ်မှာ ဆွစ်ဇာလန်လက်ရွေးစင် ဇာခါဆီ ဘောလုံးက ထောင့်ဖြတ်ရောက်လာချိန် အနီးအနားမှာ ပြိုင်ဘက်တွေမရှိတဲ့အတွက် ဇာခါလည်း အေးဆေးစကေးပြဖို့ အချိန်ကောင်းရသွားပါတယ်။

ဇာခါဟာ ဘောလုံးရောက်ချိန် နောက်ပြန်လှည့်ကာ ဘောလုံးကို ကျောနဲ့ထိန်းပြီး ရှေ့ပြန်လှည့်လို့ ရော်နယ်ဒင်ဟိုအကွက်မျိုး လုပ်သွားတာပါ။

ပရိသတ်တွေကလည်း အွန်လိုင်းမှာ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သူတို့ရဲ့ခံစားချက်တွေကို အသီးသီးရေးသားခဲ့ပြီး တချို့ဆို ဇာခါ ဒီလိုမျိုးလုပ်ပြတာက နောဝစ်ချ်အသင်း ဘယ်လောက်တောင်ညံ့သလဲဆိုတာ သက်သေပြနေတာပဲလို့ဆိုပါတယ်။

#ဇာခါ #ေနာ၀စ္ခ်္