ရှေ့သို့
Image

ပွဲဆက်များမှုက ကစားသမားတွေအတွက် မကောင်းဘူးလို့ ရော်ဂျာ ဝန်ခံ

2:16 PM, 26 December

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ယခုနှစ် ပွဲဆက်များမှုအပေါ် စိုးရိမ်မိကြောင်းနဲ့ ဒီလိုပွဲဆက်များမှုက ကစားသမားတွေအနက် မကောင်းဘူးလို့ အခိုင်အမာပြောပါတယ်။

လက်စတာအသင်းဟာ ယနေ့ညမှာ မန်စီးတီးနဲ့ အဝေးကွင်းပွဲ ရင်ဆိုင်ရမှာဖြစ်ပေမယ့် အဓိကတိုက်စစ်မှူး ဗာဒီအပါအဝင် ကစားသမား ၇ဦး ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေပြီး အာဖရိကကြယ်ပွင့်တွေဖြစ်တဲ့ အမာတေး၊ အင်န်ဒီဒီ၊ အီဟီယာနာချိုနဲ့ မန်ဒီတို့လည်း ဇန်နဝါရီလ ၃ ရက်နေ့မှာ ကင်မရွန်းနိုင်ငံကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အတွက် ထွက်ခွာရမှာဖြစ်ပါတယ်။

အင်အားလျော့နည်းနေတဲ့လူစာရင်းနဲ့အတူ ယနေ့ညမှာ ချန်ပီယံလောင်း မန်စီးတီးနဲ့ရင်ဆိုင်အပြီး ၄၈ နာရီအကြာမှာ နောက်ထပ်ချန်ပီယံလောင်း လီဗာပူးနဲ့ ရင်ဆိုင်ရဦးမှာဖြစ်လို့ ရော်ဂျာက ကစားသမားတွေရဲ့ကြံ့ခိုင်မှုအပေါ် စိုးရိမ်နေတာဖြစ်ပါတယ်။

''ဘယ်နည်းပြပဲဖြစ်ဖြစ် ဒီလိုကာလမှာ လူအင်အားအပြည့်ရှိရင်တောင်မှ အလုပ်ရှုပ်ကြရပါတယ်။ ဒါပေမဲ့ ဒီညမှာ မန်စီးတီး၊ ၄၈ နာရီအကြာမှာ လီဗာပူးတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာက ကစားသမားတွေအတွက် မကောင်းပါဘူး။ သူတို့ရဲ့ကျန်းမာရေးနဲ့ ကောင်းကျိုးတွေအတွက် စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်''လို့ ရော်ဂျာက ပြောပါတယ်။

ပြီးခဲ့တဲ့ရာသီက စီးတီးကွင်းမှာ ၂-၅ ဂိုးနဲ့အနိုင်ရခဲ့တုန်းက ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဗာဒီဟာ လီဗာပူးကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာ တံကောက်ကြောဒဏ်ရာ ရခဲ့သလို နောက်ခံလူတွေဖြစ်တဲ့ ပါရဲရားနဲ့ ဆိုယွန်ကူတို့လည်း ဒဏ်ရာအသီးသီးရခဲ့ပါတယ်။

#လက်စတာ #ရော်ဂျာ