ရှေ့သို့
Image

အူဘာမီယန်းကို ခေါ်ယူနိုင်ရေး ကော်တင်ဟိုအား အလိုက်ပေးကမ်းလှမ်းဖို့ ဘာစီလိုနာ ပြင်ဆင်

2:09 PM, 26 December

သတင်းတွေအရ ဘာစီလိုနာအသင်းဟာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူနိုင်ဖို့အတွက် ကော်တင်ဟိုအားအလိုက်ပေးကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ အာဆင်နယ်အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ အူဘာမီယန်းကို မျက်စိကျနေပြီး လိုအပ်နေတဲ့တိုက်စစ်နေရာအတွက် အားဖြည့်ချင်နေပါတယ်။

စပေါ့တ်သတင်းဌာနကလည်း ဘာစီလိုနာဟာ အူဘာမီယန်းအတွက် ကော်တင်ဟိုကို အလိုက်ပေးကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကော်တင်ဟိုကို ပြီးခဲ့တဲ့အပတ်တုန်းက အာဆင်နယ်အမှုဆောင် အီဒူက ကမ်းလှမ်းခဲ့သေးတာဖြစ်ကာ အာတီတာကလည်း ခွင့်ပြုထားပြီဖြစ်တယ်လို့ သိရပါတယ်။

၂ သင်းကြားဆွေးနွေးမှုတွေပြုလုပ်နေပြီး ဇန်နဝါရီ ၁ ရက်နေ့ အပြောင်းအရွှေ့ဖွင့်တာနဲ့ ထပ်မံဆွေးနွေးဖွယ်ရှိနေပါတယ်။

#အာဆင်နယ် #အပြောင်းအရွှေ့ #အူဘာမီယန်း #ကော်တင်ဟို