ရှေ့သို့
Image

ခံစစ်နေရာအတွက် ခရစ္စတီယန်ဆန် နဲ့ ဒီလစ်ဂျ်ကိုတစ်ဖန်ပြန်စိတ်ဝင်စားလာတဲ့ ဘာစီလိုနာ

2:06 PM, 26 December

သတင်းတွေအရ ဘာစီလိုနာအသင်းဟာ ခံစစ်နေရာအတွက် ချဲလ်ဆီးနောက်ခံလူ ခရစ္စတီယန်ဆန်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအကယ်ဒီမထွက်ကစားသမားဟာ တူချယ်လက်အောက်မှာ နေရာရနေပြီး ချဲလ်ဆီးဘက်ကလည်း စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပါတယ်။

ဒါပေမယ့် စပေါ့တ်သတင်းဌာနက ဒိန်းမတ်သားကို ဘာစီလိုနာက ခေါ်ယူချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဟာ ခရစ္စတီယန်ဆန်ကို ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက စိတ်ဝင်စားခဲ့ပေမယ့် ဥက္ကဌရွေးကောက်ပွဲကြောင့် မခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ ဘာစီလိုနာဟာ ချဲလ်ဆီး နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရကာ အငှားအရင်ခေါ်ယူချင်နေပါတယ်။

နောက်ထပ်သတင်းတွေအရ ၂ သင်းကြားဆွေးနွေးမှုတွေက နီးစပ်နေပြီး ခရစ္စတီယန်ဆန်က ချဲလ်ဆီးရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ထပ်နောက်တန်းနေရာအတွက်လည်း ဂျူဗင်တပ်စ် အသင်းကနေ ထွက်ခွာချင်နေတဲ့ ဒီလစ်ဂျ်ကို ပစ်မှတ်ထားနေပါတယ်။

နယ်သာလန်သားဟာ လာမယ့်နွေရာသီမှာ အသင်းကနေထွက်ခွာဖွယ်ရှိနေပြီး အသင်း တော်တော်များက မျက်စိကျနေပါတယ်။ ခရစ္စတီယန်ဆန်ကို ဘိုင်ယန် နဲ့ ဂျူဗီတို့က စိတ်ဝင်စားနေကာ ဘာစီလိုနာအနေနဲ့ ၂ ဦးတည်းက တစ်ဦးတော့ ရွေးချယ်ရဖွယ်ရှိနေပါတယ်။

ဘာစီလိုနာ တာဝန်ရှိသူတွေဟာ ခရစ္စတီယန်ဆန်ရဲ့ ဘောလုံးကစားဟန်ကို သဘောကျနှစ်ခြိုက်နေပြီး ခေါ်ယူဖို့ အလေးသာနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

#ချဲလ်ဆီး #ဘာစီလိုနာ #ခရစ္စတီယန်ဆန် #ဒီလစ်ချ်