ဂျာမနီ အသင်းနဲ့ကမ္ဘာဖလားဆွတ်ခူးချင်တယ်လို့ ဆိုလိုက်တဲ့ ဟန်စီဖလစ်
1:19 PM, 26 December
ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဟန်စီဖလစ်က ၂၀၁၄ခုနှစ်က ဂျိုအာချင်လောရဲ့ အောင်မြင်မှုအတိုင်း ဂျာမနီနဲ့အတူ ကမ္ဘာ့ဖလား ရယူလိုတဲ့ ဆန္ဒပြင်းပြနေပါတယ်။ ဟန်စီဖလစ်ဟာ ကမ္ဘာဖလားရယူခဲ့တဲ့ နည်းပြဟောင်း ဂျိုအာချင်လောရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွတ်ခဲ့ဖူးတာ ဖြစ်ပြီး ကလပ်နည်းပြတွင်လည်း ပြည်တွင်းဆုဖလားအားလုံး သိမ်းယူနိုင်ခဲ့သလို ချန်ပီယံလိဂ်အပါအဝင် ဥရောပအောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက်၅၆နှစ်အရွယ် နည်းပြဟာ ဂျာမနီနည်းပြဖြစ်လာတဲ့အချိန်မှာ နိုင်ငံအသင်းနဲ့အတူ အကြီးမားဆုံး အောင်မြင်မှုကို ရယူလိုနေပါတယ်။ အထူးသဖြင့် လာမယ့် ၂၀၂၂ ကာတာတွင် ကျင်းပမယ့် ကမ္ဘာဖလားတွင် ဆုဖလား ရယူလိုနေတာ ဖြစ်ပါတယ်။
“ကျွန်တော်တို့အကြီးမားဆုံး အောင်မြင်မှုကို ရယူချင်တယ်။ ဒါက အခြေအနေနဲ့ကစားသမားတွေရဲ့ ကစားနိုင်မှုအပေါ် မူတည်တယ်။ ကျွန်တော်တို့အသင်းမှာ များပြားတဲ့ အရည်အသွေးတွေ ရှိတယ် အားလုံးကလည်း ဆုဖလားတွေ အောင်မြင်မှုတွေ ရယူလိုကြတယ်။ ကျွန်တော်တို့မှာ နှစ်တစ်နှစ် ကျန်သေးတယ် ဒါကို အသုံးချပြီး တိုးတက်အောင် လုပ်ရမှာပါ” ဟု ဂျာမနီနာမည်ကျော်သတင်းဌာန Bild နဲ့တွေ့စဉ်မှာ ဖလစ်က ပြောဆိုပါတယ်။
“ကောင်လေးတွေက စတင်တာထွက်ဖို့ဆာလောင်နေကြပါပြီ နည်းပြတစ်ယောက်အနေနဲ့တော့ ရက်စ် ငါတို့ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်တယ်လို့ပြောချင်ပါတယ်။ ဒါပေမဲ့ ဘာမှတော့ ကျွန်တော် ကတိမပေးချင်ပါဘူး။ ကျွန်တော် အာမခံနိုင်တဲ့ တစ်ခုတည်းသောအရာက ကျွန်တော်တို့အရာအားလုံး အစွမ်းကုန်အထိ ပေးဆပ်ကစားသွားမယ် ဆိုတာပါပဲ”ဟု ပြောကြားသွားခဲ့ပါတယ်။
ဖလစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အံ့အားသင့်ဖွယ် အဓိကဆုဖလား ၆ခုအထိ ရယူအပြီးမှာတော့ ဂျာမနီအသင်းနဲ့အတူ ကမ္ဘာဖလားအောင်မြင်မှု ရရန် အတောင့်တင်းဆုံး လူစာရင်းကို စုဖွဲ့လျက် ရှိနေပါတယ်။