ရှေ့သို့
Image

လက်စွမ်းကောင်းတွေနဲ့ အီဒါဆန်က မန်စီးတီးရဲ့ အကောင်းဆုံး ခေါ်ယူမှု၁ခုဖြစ်တယ်လို့ ဂွါဒီယိုလာ ချီးကျူး

8:49 AM, 26 December

ပက် ဂွါဒီယိုလာက ဂိုးသမား အီဒါဆန်ကို မန်စီးတီးရဲ့ အကောင်းဆုံး ခေါ်ယူမှု ၁ခုဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။ မန်စီးတီးနည်းပြ အီဒါဆန်ဟာ အသင်း တည်ဆောက်ရေးမှာ အရေးပါတဲ့နေရာက ပါဝင်ပြီး ၂၀၁၇ခုနှစ် နွေရာသီက ရောက်လာတဲ့  ဘရာဇီးတစ်ယောက် အကောင်းဆုံး လက်စွမ်းပြနေတယ်လို့ ယုံကြည်နေပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဂိုးသမား၁ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အီဒါဆန်ဟာ ဂွါဒီယိုလာလက်ထက် မန်စီးတီးအသင်းရဲ့ ကစားပုံမှာ အဓိက ကျနေခဲ့ပါတယ်။ အီဒါဆန်ဟာ ရာစုနှစ်တစ်ခုအတွင်း အသင်းအတွက် clean sheet အများဆုံးအဖြစ် စံချိန်တင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ရွှေလက်အိပ်ဆု ၂ကြိမ် ရခဲ့ကာ ဂွါဒီယိုလာက ၂၈နှစ်သားအနေနဲ့ လက်စွမ်းက အမြဲကောင်းနေတယ်လို့ ဆိုခဲ့ပါတယ်။

ဂွါဒီယိုလာက “အီဒါဆန်က မန်စီးတီးရဲ့ အကောင်းဆုံး ခေါ်ယူမှု၁ခုဆိုတာ ကျွန်တော် လုံး၀ သဘောတူပါတယ်။ သူဒီအချိန်တွေအတွင်း လက်စွမ်းတည်ငြိမ်ပြီး လွန်ခဲ့တဲ့ ၃ပွဲ၊ ၄ပွဲအတွင်း အဆင့်၁ခုကိုတောင် တိုးတက်လာခဲ့ပါတယ်” “သူ ဘရာဇီးကနေ နိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်လာတော့ လက်စွမ်းနည်းနည်း ကျနေတယ်လို့ ထင်ခဲ့ပါတယ်။ တစ်ခါတစ်လေ ဒီလိုမျိုးက ဖြစ်တတ်ပါတယ်။ ရာသီတစ်ခုလုံး လက်စွမ်းကောင်းဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ပွဲအတွင်း ၃ပတ်ကြာ လေ့ကျင့်ခန်းနဲ့ ပွဲတွေမှာ အကောင်းဆုံး အီဒါဆန်ကို ရခဲ့ပြီလို့ ခံစားရပါတယ်”

“ရစ်ချက်နဲ့ ဇာဘီတို့ ပြုလုပ်ခဲ့တာတွေက တကယ်ကြီးကျယ်ပါတယ်။ စီးတီးမှာ ဒီလို အရည်အချင်းကောင်းတဲ့ ဝန်ထမ်းတွေ ရှိပါတယ်။ ဇာဘီက ကျွန်တော် မရောက်ခင်ကတည်းက ဒီမှာ ရှိနေတာဖြစ်ပြီး သူတို့ ဂိုးသမားတွေကို တိုးတက်အောင် လုပ်ပေးတာက တကယ်ကြီးကျယ်ပါတယ်” “အီဒါဆန်က ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစာသမားပါ။ အသင်း၁သင်းမှာ ဂိုးသမားက အရေးပါဆုံး ကစားသမား ဖြစ်ပြီး တိုက်စစ်မှူးထက်လည်း အရေးကြီးကာ သူကနေ စတင်ရပါတယ်လို့ ပြောချင်ပါတယ်။ အီဒါဆန်က မန်စီးတီးကို ရောက်လာကတည်းက အရမ်းကောင်းနေခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #အီဒါဆန် #ရစ်ချက်