ရှေ့သို့
Image

မစ်လန်းနိုင်းစ်ကို အငှားဖြင့် ခေါ်ယူရန် ပြင်ဆင်နေသည့် မော်ရင်ဟိုရဲ့ ရိုးမား အသင်း

10:48 AM, 25 December

ရိုးမားအသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့တွင်  အာဆင်နယ်ကစားသမား မစ်လန်းနိုင်းစ်အား အငှားဖြင့် ခေါ်ယူရန် ဆွေးနွေးမှုတွေ လုပ်နေကြောင်း သိရသည်။ အသက်၂၄နှစ်အရွယ် နိုင်းစ်ဟာ ပြီးခဲ့တဲ့နွေရာသီက အသင်းပြောင်းရွှေ့ခွင့် ပိတ်ပင်ခံခဲ့ရပြီး ယခုနှစ် အာဆင်နယ်အသင်းမှာလည်း ပွဲကစားခွင့် ခဲယဉ်းနေသူ ဖြစ်ပါတယ်။

အဲဗာတန်အသင်းက ခေါ်ယူဖို့ကမ်းလှမ်းခဲ့ချိန်မှာ အင်္ဂလန်သားဟာလည်း အာတီတာကို အသင်းကနေ ထွက်ခွာချင်တယ်လို့အမှန်အတိုင်း ဖွင့်ဟခဲ့ပေမယ့် ကလပ်ကနေ ထွက်ခွာခွင့် မရခဲ့တာ ဖြစ်ပါတယ်။ အင်စတာဂရမ်မှာလည်း အသင်းကနေ ထွက်ချင်တယ်လို့လူသိရှင်ကြား ဖွင့်ဟခဲ့မှုကြောင့် လူငယ်အသင်းနဲ့သာ လေ့ကျင်ရေးဆင်းရတဲ့ ပြစ်ဒဏ် ကျခဲ့ရပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် စီးရီးအေကလပ်ရိုးမားရဲ့ အားကစားဒါရိုက်တာ ပင်တိုဟာ အာဆင်နယ်နဲ့ဆက်သွယ်မှု လုပ်နေပြီး မစ်လန်းနိုင်းစ်အတွက် အပြီးသတ်ခေါ်ယူခွင့် အချက်ပါ အငှားဖြင့် ခေါ်ယူရန် ကြိးစားနေပါတယ်။

ကစားသမားဟာ နိုဝင်ဘာ ၂၀ရက်နေ့လီဗာပူးကို ၄ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲတွင် နောက်ဆုံး ပါဝင်ပြီးနောက်ပိုင်း အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရနေတာ ဖြစ်ပါတယ်။ မစ်လန်းနိုင်းစ်ဟာ အာဆင်နယ်အတွက် လူငယ်အသင်းကနေ ခြေစွမ်းပြပေါ်ထွက်လာကာ ၁၃၂ပွဲ ပါဝင်ကစားထားပြီး ၃ဂိုးသွင်း ၈ဂိုး ဖန်တီးထားပါတယ်။

#စီးရီးအေ #ရိုးမား #အာဆင်နယ် #မစ်လန်းနိုင်းစ် #မော်ရင်ဟို