ရှေ့သို့
Image

ဆောင်းဈေးကွက်မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူမှာမဟုတ်ဘူးလို့ ဂွါဒီယိုလာ ထုတ်ဖော်ပြောဆို

9:10 AM, 24 December

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး ဖာရန်တောရက်စ် အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပေမယ့် ဇန်နဝါရီလအတွင်း တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဘာစီလိုနာဟာ စပိန်လက်ရွေးစင် တောရက်စ်ကို ပေါင် ၅၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီး ကနဦး ပေါင် ၄၆.၇ သန်းပေးချေရမှာဖြစ်ကာ အပိုဆုကြေး ပေါင် ၈.၅ သန်းပေးချေရမှာဖြစ်ပါတယ်။
စီးတီးဟာ နွေရာသီက အသင်းကနေ ထွက်ခွာသွားတဲ့ အဂူရိုရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးမခေါ်ခဲ့သလို ယခုလည်း တိုက်စစ်မှူးတစ်ဦးကို ဆုံးရှုံးရတော့မှာဖြစ်ပေမယ့် ဂွါဒီယိုလာကတော့ ဆောင်းဈေးကွက်အတွင်း တိုက်စစ်မှူးတစ်ဦး ခေါ်ယူမှာမဟုတ်ဘူးလို့ အတည်ပြုပါတယ်။

''ဇန်နဝါရီလမှာ ကျွန်တော်တို့အသင်း တိုက်စစ်မှူးတစ်ဦး ခေါ်မှာမဟုတ်ပါဘူး။ တောရက်စ်ရဲ့အပြောင်းအရွှေ့က တရားဝင်တော့မဖြစ်သေးပါဘူးး။ အသင်းဘက်က ကြေညာချက်ထုတ်ပြန်မှပဲ အတည်ဖြစ်မှာပါ။ ကစားသမားက ထွက်ချင်နေပြီး အသင်းပိုင်ရှင်က အတင်းတားထားတဲ့အသင်းထဲမှာ ကျွန်တော်တို့အသင်း မပါပါဘူး။ တကယ်လို့ ကစားသမားတွေအနေနဲ့ နောက်ထပ်တစ်နေရာမှာ ပိုပျော်ရွှင်နိုင်မယ်လို့ ခံစားရရင် အသင်းကနေ ထွက်ခွာနိုင်ပါတယ်။ သူတို့အတွက် ကျွန်တော် ပျော်ရွှင်ပေးနိုင်ပါတယ်''လို့ ဂွါဒီယိုလာက ပြောပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ