ရှေ့သို့
Image

လီဗာပူးကြယ်ပွင့်ဟောင်း ကော်တင်ဟိုကိုခေါ်ယူဖို့ အဲဗာတန်အသင်း စိတ်ဝင်စားနေဟုဆို

8:12 PM, 23 December

စပိန်မှာ ထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ အဲဗာတန်အသင်းဟာ လာမယ့်ဇန်နဝါရီလအတွင်း မြို့ခံပြိုင်ဘက် လီဗာပူးအသင်းကွင်းလယ်လူဟောင်း ကော်တင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဘရာဇီးလက်ရွေးစင် ကော်တင်ဟိုဟာ လီဗာပူးမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ၂၀၁၈ မှာ ကမ္ဘာ့တတိယပြောင်းရွှေ့ကြေး ပေါင် ၁၀၅သန်းနဲ့ ဘာစီလိုနာကို ရောက်လာတာဖြစ်ပေမယ့် နူးကမ့်မှာ ၃နှစ်ခွဲကာလအတွင်း ရုန်းကန်နေရကာ ယခုတော့ အသင်းပြောင်းရွှေ့ဖို့ သတင်းကြီးနေပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီက တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုပေမယ့် လက်ရှိလာလီဂါရဲ့လစာကန့်သတ်မှုစည်းမျဉ်းကြောင့် အသင်းရှိကစားသမားတွေကို ဦးစွာရောင်းထုတ်ဖို့ လိုအပ်နေပြီး စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၂နှစ်ကျန်နေသေးတဲ့ ကော်တင်ဟိုကို ရောင်းထုတ်ဖို့ စီစဉ်လာပါတယ်။

ကော်တင်ဟိုကို ခေါ်ယူဖို့ တော့တင်ဟမ်နဲ့ နယူးကာဆယ်တို့အပါအဝင် ပရီးမီးယားလိဂ်အသင်းအများစု စိတ်ဝင်စားနေပြီး ယခုလည်း အေအက်စ်သတင်းစာရဲ့ဖော်ပြချက်အရ အဲဗာတန်လည်း အဲဒီစာရင်းထဲမှ ပါဝင်လာတယ်လို့ သိရပါတယ်။

အေအက်စ်သတင်းစာရဲ့ဖော်ပြချက်အရ လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ် တာဝန်ယူနေတဲ့ အဲဗာတန်အသင်းဟာ ကော်တင်ဟိုရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ လာမယ့်ရက်ပိုင်းအတွင်း မန်စီးတီးတိုက်စစ်မှူး ဖာရန်တောရက်စ်ကို ခေါ်ယူနိုင်တော့မှာဖြစ်ပေမယ့် အသင်းရှိ ကစားသမားတချို့ကို ထုတ်မရောင်းနိုင်သရွေ့ ဖာရန်တောရက်စ်ကို လူစာရင်းထဲ ထည့်သွင်းလို့ရမှာမဟုတ်ကြောင်း သိရပါတယ်။

#ဘာစီလိုနာ #အဲဗာတန် #အပြောင်းအရွှေ့ #ကော်တင်ဟို