ရှေ့သို့
Image

၂၀၂၁ခုနှစ်အတွက် ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းမှာ ချဲလ်ဆီးကစားသမား ၁ဦးသာ ပါဝင်

1:50 PM, 23 December

CIESက ရွေးချယ်ခဲ့တဲ့ ၂၀၂၁ခုနှစ်အတွက် ပရီးမီးယားလိဂ် အကောင်းဆုံး လူစာရင်းမှာ ချဲလ်ဆီး ကစားသမား ၁ဦးသာ ပါဝင်ခဲ့ပတယ်။ ချဲလ်ဆီးအသင်းမှ ပါဝင်ခဲ့တဲ့ ၁ဦးတည်းသော ကစားသမားကတော့ ဂိုးသမား အက်ဒ်ဝါ့ မန်ဒီပဲ ဖြစ်ပါတယ်။ မန်ဒီဟာ ချဲလ်ဆီးအသင်းကို ထိပ်ဆုံး ၄နေရာ ရရှိအောင် ကူညီပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင်လည်း စွမ်းဆောင်ပေးခဲ့ပါတယ်။

၂၀၂၀ခုနှစ်က ရန်းနက်စ်ကနေ ပြောင်းလာခဲ့တဲ့ ဆီနီဂေါသားဟာလည်း FIFA အကောင်းဆုံး ဂိုးသမား ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပေမဲ့ အီတလီ ဂိုးသမား ဒွန်နာရမ်မာကို ရှုံးနိမ့်ခဲ့ပါတယ်။ မေဆင်မောင့်ဟာည်း အကောင်းဆုံးအသင်းမှာ ပါဝင်ဖို့ နီးစပ်ခဲ့ပေမဲ့ ဘာနာဒိုဆေးလ်ဗားကြောင့် လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ပြိုင်ဘက် လီဗာပူးတို့ကတော့ ၁သင်းကို ၅ယောက်စီ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။

မန်စီးတီးမှ ရူဘင် ဒီယက်စ်၊ ကန်ဆယ်လို၊ လာပေါ်တေး၊ ရိုဒရီနဲ့အတူ ဘာနာဒို ဆေးလ်ဗားတို့ ရွေးချယ်ခံခဲ့ရပါတယ်။ လီဗာပူးအသင်းကတော့ အာနိုးလ်၊ ဟန်ဒါဆန်၊ ဆာလက်၊ မာနေး၊ ဂျိုတာတို့ အကောင်းဆုံးအသင်းကို ပါဝင်လာခဲ့ပါတယ်။

နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်း၊ ဗန်ဒိုက်၊ ကန်တီတို့ကတော့ ယမန်နှစ်ရာသီ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိခဲ့ပဲ ယမန်နှစ်ရာသီ စီးတီးခံစစ်မှာ ဒီယက်စ်နဲ့အတူ ခြေစွမ်းပြကစားခဲ့တဲ့ စတုန်းကလည်း ကံမကောင်းစွာပဲ လွဲချော်ခဲ့ပါတယ်။ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောကလည်း အသင်းကို ဒုတိယနေရာရအောင် ကူညီခဲ့ပြီးနောက် ယခုလို ရွေးချယ်ခံရခြင်းမရှိတဲ့ အပေါ် ခံရခက်နေမှာ သေချာပါတယ်။

#ချဲလ်ဆီး #မန်ဒီ #မေဆင်မောင့် #ဘာနာဒို ဆေးလ်ဗား