ရှေ့သို့
Image

မန်စီးတီးစတား ဖာရန်တောရက်စ်ကို ပေါင် ၅၅ သန်းနဲ့ခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ဘာစီလိုနာ

1:33 PM, 23 December

မန်စီးတီးစတား ဖာရန်တောရက်စ်ဟာ အသင်းကနေထွက်ခွာဖို့များနေပြီး ဘာစီလိုနာကိုရောက်ဖို့နီးစပ်နေကာ ပေါင် ၅၅ သန်းလောက် တန်ကြေးမြင့်တက်သွားဖွယ် ရှိနေပါတယ်။ အသက် ၂၁ နှစ်သားဟာ စပိန်အသင်းအတွက်ကစားပေးရင် ခြေထောက်ဒဏ်ရာ ရရှိခဲ့တာကြောင့် အောက်တိုဘာလကတည်းက ကစားခွင့်မရတော့တာဖြစ်ကာ အသင်းပြောင်းဖို့ အလိုရှိနေတာဖြစ်ပါတယ်။

တောရက်စ်ရဲ့စာချုပ်သက်တမ်းက ၁၈ လသာကျန်ရှိတော့တာဖြစ်ကာ မန်စီးတီးက ဗလန်စီယာအသင်းထံကနေ ပေါင် ၂၁ သန်း ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ၂ သင်းကြား ဆွေးနွေးမှုတွေက ဗုဒ္ဓဟူးနေ့တုန်းက အပြီးသတ်ခဲ့ပြီဖြစ်ကာ ဘာစီလိုနာအနေနဲ့ ပေါင် ၅၅ သန်းလောက် ပေးချေရဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲရှိနေပြီး တောရက်စ်ကိုခေါ်ယူနိုင်ပေမယ့် လစာအခက်အခဲရှိနိုင်တာဖြစ်ကာ ကစားသမားအချို့ရှင်းထုတ်ဖွယ်ရှိနေပါတယ်။ ကနဦးဆွေးနွေးမှုက ပေါင် ၄၆.၇ သန်းလောက်နဲ့ဖြစ်ပေမယ့် အခြားအရာတွေနဲ့ပေါင်းပါက နောက်ထပ် ၈ သန်းလောက်ပိုသွားဦးမှာဖြစ်ပါတယ်။ စီးတီးကတော့ စာချုပ်ထဲမှာ ဘာစီလိုနာအနေနဲ့ တောရက်စ်ကိုပြန်လည်ရောင်းချမယ်ဆို ပေါင် ၈.၅ သန်းပေးချေရမယ်ဆိုတာကို ထည့်သွင်းချုပ်ဆိုဖွယ်ရှိနေပါတယ်။

ဂွါဒီယိုလာက အသင်းမှာမပျော်တဲ့ဘယ်ကစားသမားကိုမဆို ထွက်ခွာခွင့်ပေးထားတာဖြစ်ပါတယ်။ တောရက်စ်ဟာ ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ စီးတီးကတော့ တိုက်စစ်ပိုင်းအတွက် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အခုလက်ရှိတိုက်စစ်ပိုင်းမှာတော့ စတာလင် ၊ ဖိုဒန် ၊ ဒီဘရိုင်း ၊ ဘာနာဒိုဆေးလ်ဗား ၊ ဂျီးဆပ်စ် ၊ ဂရီးလစ်ချ် နဲ့ မာရက်ဇ်တို့က ကစားနေရပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #ဂွါဒီယိုလာ #ဖာရန်တောရက်စ်