ရှေ့သို့
Image

အနာဂတ်နဲ့ ပတ်သက်လို့ ယာယီနည်းပြ ရန်နစ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မာရှယ်

1:24 PM, 23 December

ယူနိုက်တက်တိုက်စစ်မှူး မာရှယ်ဟာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က ယာယီနည်းပြ ရန်နစ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇန်နဝါရီလအတွင်း အသင်းကနေ ထွက်ခွာခွင့်ရဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသား မာရှယ်ဟာ ယခုရာသီမှာ ပုံမှန်ပွဲထွက်ခွင့်မရခြင်းအပေါ် စိတ်ပျက်လာပြီးနောက် ဇန်နဝါရီလမှာ ဆီဗီလာကို ရောက်ဖို့များနေပြီး အေးဂျင့်ဖြစ်သူ လမ်ဘိုလေးကလည်း သူ့ကစားသမားအနေနဲ့ အသင်းကနေ ထွက်ခွာလိုနေတယ်လို့ ယခုလအစောပိုင်းက လူသိရှင်ကြားပြောထားပါတယ်။

''မာရှယ်ဟာ ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာချင်နေပါတယ်။ သူ့အနေနဲ့ ဘောလုံးပဲကစားချင်နေတာပါ။ ဆောင်းဈေးကွက်မှာ အသင်းကနေ ထွက်ခွာချင်နတာပါ။ ကျွန်တော်လည်း မကြာခင် အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာပါ''လို့ လမ်ဘိုလေးက ပြောပါတယ်။

မာရှယ်ဟာ ဒူးဒဏ်ရာကြောင့် ပဲလေ့စ်၊ နောဝစ်ချ်တို့နဲ့ပွဲတွေကို လွဲချော်ခဲ့ရပေမယ့် ဗုဒ္ဓဟူးနေ့က အသင်းရဲ့ ထရိန်နင်စင်တာမှာ ရှိနေခဲ့ပြီး သူ့အနာဂတ်အတွက် ရန်းနစ်နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ရန်နစ်ကလည်း သူ့အနေနဲ့ ကစားသမားတွေကို အသင်းမှာ ဆက်ကစားဖို့ စည်းရုံးသွားမှာ မဟုတ်ဘူးလို့ ပြောထားပြီးဖြစ်ပါတယ်။ ဆီဗီလာကလည်း မာရှယ်ကို ကနဦး အငှားနဲ့ခေါ်ယူချင်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာရှယ် #ရန်နစ်