ရှေ့သို့
Image

လာမယ့်အပတ်မှာ ယူနိုက်တက်နဲ့ လေ့ကျင့်ခန်းအပြည့်ဆင်းနိုင်ဖို့ မျှော်လင့်နေတဲ့ ယူနိုက်တက်

3:49 PM, 22 December

ယူနိုက်တက် နောက်ခံလူ ရာဖေး ဗာရာနီဟာ လာမယ့်အပတ် လေ့ကျင့်ခန်းအပြည့်ဆင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ ပြင်သစ်သားဟာ အတ္တလန္တာနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရခဲ့ပြီးနောက် အနားယူနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပြန်လည် သက်သာလာပြီ ဖြစ်ပေမဲ့ အကောင်းဆုံး အခြေအနေရဖို့ ကလပ်က အချိန်အနည်းငယ် ဆက်ပေးထားခဲ့ပါတယ်။ လက်ရှိ ကိုဗစ်ကြောင့် ပွဲတွေ ရွှေ့ဆိုင်းနေရခြင်းကလည်း ဗာရာနီကို နားရက်တွေ ပိုရစေဖို့ အခွင့်အရေးပေးခဲ့ပါတယ်။

Manchester Evening Newsရဲ့ ဖော်ပြချက်အရ ဗာရာနီဟာ ဒီဇင်ဘာ ၂၇ရက်နေ့မှာ လေ့ကျင့်ခန်း ဆင်းနိုင်ပြီး လာမယ့်ပွဲမှာ ယူနိုက်တက်အတွက် ပါဝင်ကစားဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗာရာနီ