ရှေ့သို့
Image

တိုက်စစ်မှူးတစ်ယောက်မှာ ရှိသင့်တဲ့ လိုအပ်ချက်မျိုးတွေ အားလုံး ဗလာဟိုဗစ်မှာ ရှိပါတယ် - မီကာရစ်ချတ်စ်

2:03 PM, 22 December

ဒူဆန် ဗလာဟိုဗစ်ဟာ တိုက်စစ်မှူးတစ်ယောက်မှာ လိုအပ်နေတဲ့ အရာအားလုံး ရှိပြီး သူရဲ့ ဘယ်ခြေဟာ မှော်တုတ်တံကဲ့သို့ ဖြစ်ကြောင်း မီကာရစ်ချတ်စ်က သုံးသပ် ပြောကြားလိုက်ပါတယ်။

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်စီးတီး၊ အာဆင်နယ်နှင့် ဥရောပထိပ်သီးကလပ်များစွာက ဗလာဟိုဗစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြပါတယ်။ အသက်၂၁နှစ်သားကို ခေါ်ယူနိုင်တဲ့ ဘယ်အသင်းကို မဆို အကျိုးမြတ်များ ရရှိမှာ ဖြစ်ပြီး သူမှာ လျင်မြန်တဲ့ ခြေတစ်စုံကို ပိုင်ဆိုင်ထားတယ်လို့မီကာရစ်ချတ်စ်က ပြောပါတယ်။

ရစ်ချတ်စ်က ဘီဘီစီရေဒီယိုထံ ပြောရာတွင် “ကျွန်တော် သူကို အကြိမ်များစွာ စောင့်ကြည့်ခဲ့ပါတယ်။ သူက အတော်မြန်တယ်ဗျ မဖြစ်နိုင်စရာ ကောင်းတယ် သူ ယခုနှစ်အတွင်း ၁၈ပွဲမှာ ၁၆ဂိုး ရထားတယ် သူရဲ့ ဘယ်ခြေထောက်က မှော်တုတ်တံလိုပဲ။ အခု သင့်ကို ကျွန်တော် ပြောမယ်ဆိုရင် သူမှာ တိုက်စစ်မှူးတစ်ယောက် လိုအပ်နေတဲ့ အရာအားလုံး ရှိနေတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

ပေါင်သန်း၇၀ တန်ကြေးရှိနေတဲ့ ဗလာဟိုဗစ်ဟာ မနှစ်က ဖီအိုရင်တီးနားအတွက် စီးရီးအေ သွင်းဂိုး ၂၁ဂိုး အထိ သွင်းယူခဲ့ပြီး ယခုနှစ်မှာလည်း ၁၈ပွဲတွင် ၁၆ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဖီအိုရင်တီးနားရဲ့ စာချုပ်သစ် ကမ်းလှမ်းချက်အား ဗလာဟိုဗစ် ပယ်ချထားတာကြောင့် လာမယ့်ဇန်နဝါရီလမှာ အသင်းပြောင်းရွှေ့သွားနိုင်ပါတယ်။

ဖီအိုရင်တီးနားရဲ့ ကလပ်အမူဆောင်ချုပ် ဂျိုးဘာရိုနီက “ကျွန်တော်တို့ အသင်းသမိုင်းတလျောက် အမြင့်မားဆုံး ဖြစ်နိုင်တဲ့ စာချုပ်ကို ဗလာဟိုဗစ်ထံ အကြိမ်များစွာ ကမ်းလှမ်းထားပြီးပါပြီ။ ဒူဆန်နှင့် သူရဲ့ အေဂျင့်က သူတို့ဒါကို လက်မခံလိုဘူးဆိုတာ ကျွန်တော်တို့ကို နားလည်စေတယ် ကျွန်တော်တို့ကမ်းလှမ်းချက်က ခုထိ အကျုံးဝင်နေဆဲပါ”ဟု ဆိုသွားခဲ့သည်။

မနှစ်က နွေရာသီတွင် တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့မအောင်မြင်ခဲ့တဲ့နောက် မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူလိုနေပြီး ဗလာဟိုဗစ်ကို သူရဲ့ ဇန်နဝါရီ ထိပ်တန်းပစ်မှတ်အဖြစ် ထည့်သွင်းထားသည်။ စီးတီးဘော့စ်ဟာ ဆားဘီးယားဂိုးသွင်းစက်ရဲ့ အရည်အသွေးကို နှစ်သက်လျက် ရှိပြီး နောက်ဆုံးကြားသိရတဲ့ သတင်းများအရ ဖီအိုရင်တီးနားနဲ့ဆွေးနွေးမှုတွေ လုပ်နေတယ်လို့သိရပါတယ်။

ဒါပေမဲ့ အာဆင်နယ်နည်းပြ အာတီတာကလည်း ဗလာဟိုဗစ်ကို စိတ်ဝင်စားနေပြီး လန်ဒန်ကလပ် တာဝန်ရှိသူတွေကလည်း ပေါင်၆၈သန်းလောက်ဖြင့် ခေါ်ယူပေးဖို့အဆင်သင့်ဖြစ်နေတယ်လို့ဆိုပါတယ်။

#စီးရီးအေ #ဖီအိုရင်တီးနား #ဗလာဟိုဗစ် #မီကာရစ်ချက်