ရှေ့သို့
Image

မာတီနယ်လီဟာ အာဆင်နယ်အတွက် ပေါင်သန်း၅၀တန် ခေါ်ယူမှုတစ်ခုလိုပါပဲ - ပေါလ်မာဆင်

1:21 PM, 22 December

နည်းပြ အာတီတာလက်အောက် ခြေစွမ်းကောင်းတွေ ပြသလာတဲ့ မာတီနယ်လီဟာ အသင်းအတွက် ပေါင်သန်း၅၀တန် ခေါ်ယူမှု တစ်ခုအတိုင်းဘဲလို့ပေါလ်မာဆင်က ယုံကြည်နေပါတယ်။ အသက်၂၀အရွယ် တိုက်စစ်မှူးဟာ မြောက်လန်ဒန်ကလပ်အတွက် နောက်ဆုံး ပရီးမီးယားလိဂ် ၆ပွဲမှာ ၄ဂိုးသွင်း ၂ဂိုးဖန်တီးပေးထားပြီး နောက်ဆုံး စနေနေ့က လိဒ်စ်ကို ၄-၁ဂိုးဖြင့် အနိုင်ရတဲ့ ပွဲမှာလည်း ၂ဂိုး သွင်းယူထားခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးသားရဲ့ ပုံစံကောင်းတွေကြောင့် အာဆင်နယ်အသင်းဟာ လက်ရှိတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရ အဆင့်၄နေရာမှာ ရပ်တည်လာနိုင်ပြီး ကစားသမားဟောင်း ပေါလ်မာဆင်ကတော့ တောင်ပံကစားသမားရဲ့ အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။ စကိုင်းစပေါ့တ်သို့မာဆင်က ပြောရာမှာ “မာတီနယ်လီက အရမ်းကို စပယ်ရှယ်အရည်အသွေးရှိတဲ့ လူငယ်ပါ။ သူကို ကျွန်တော်နှစ်သက်တယ်။ ဒါပေမဲ့ မေးခွန်းက သူ ဘယ်လောက်ကြာကြာ ကြံခိုင်မှု ပြည့်နေမှာလဲ ?”

“သူသာ ကြံခိုင်မှုကို ထိန်းသိမ်းထားနိုင်ရင် အာဆင်နယ်ဟာ ပေါင်သန်း၅၀ ကစားသမားတစ်ယောက်ကို ခေါ်ယူလိုက်သလို ပါပဲ။ အဲဒါတွေအပြင် ဆာကာ၊ ရိုဝီ၊ အိုဒီဂတ်တို့ဟာ ဖြစ်စေချင်တဲ့အတိုင်း ကစားသမားကောင်းတွေ ဖြစ်လာခဲ့ပြီးတော့ သောမတ်စ်ပါတေးဟာလည်း လက်ရှိမှာ ပွဲထွက်ကစားနေပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။ လွန်ခဲ့တဲ့ ၁၈လအတွင်း ဒဏ်ရာပြဿာနာများစွာနဲ့လုံးပန်း နေခဲ့ရပြီးနောက် မာတီနယ်လီဟာ အာဆင်နယ်အသင်းရဲ့ ပွဲထွက်မှာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။

ဘရာဇီးသားဟာ ၂၀၂၀အစမှာ ပြင်းထန်တဲ့ ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး တစ်နှစ်လုံး နားခဲ့ရကာ ဒဏ်ရာ ပြန်သက်လာတော့လည်း ၁၂လခန့် အရန်ခုံမှာသာ နေခဲ့ရပါတယ်။ လက်ရှိမှာတော့ အသင်းခေါင်းဆောင်နေရာကနေ အူဘာမီယန်း ဖယ်ရှားခံရခြင်းနှင့်အတူ မာတီနယ်လီဟာ တိုက်စစ်တွင် နေရာတစ်နေရာ ရလာခဲ့ပါတယ်။ ယခုရာသီမှာ အာဆင်နယ်အသင်းက တည်ငြိမ်မှု တစ်ချို့ပြသလာပေမယ့် မန်ချက်စတာယူနိုက်တက်၊ လီဗာပူးတို့လို  အသင်းကြီးပွဲတွေမှာတော့ အောင်မြင်မှုတွေ မရသေးဘူးလို့ပေါလ်မာဆင်က ပြောပါတယ်။

“အာဆင်နယ်က စတင် ကောင်းလာတဲ့ အနေအထားပါ ဒါပေမဲ့ ကျွန်တော်ပြောသလိုဘဲ သူတို့ က အောင်မြင်မှုတွေ ခုမှ စရတုန်းပါ။ သင်အလုပ်ကို သင်လုပ်နေဆဲပါ ဒါပေမဲ့ ရှေ့ဆက်ဘာတွေဖြစ်လာမလဲ ဘယ်တော့မှ သေချာမှု မရှိသလိုပါပဲ။ သူတို့အိုးထရက်ဖို့ဒ်နှင့် ဂူဒီဆင်ပါ့ခ်တွင် အနိုင်ယူခံရတယ်။ မန်ချက်စတာယူနိုက်တက်နှင့် အဲဗာတန် တို့ကလည်း ကစားပုံမကောင်းခဲ့ပါဘူး။ ဒါပေမဲ့ သူတို့အာဆင်နယ်ကို နိုင်ခဲ့တယ် ပြဿနာက အာဆင်နယ်ရဲ့ တည်ငြိမ်မှုပါပဲ။ ဒီပြဿနာက လွန်ခဲ့တဲ့ ၁၀နှစ်အတွင်းကတည်းက ရှိနေခဲ့တာ ဖြစ်တယ်။ သူတို့စွမ်းဆောင်ရည်ကောင်းတစ်ချို့ပြသလိမ့်မယ်။ ဆောက်သမ်တန်၊ လိဒ်စ်၊ ဝက်စ်ဟမ်းပွဲတွေမှာ မြင်ခဲ့ရတယ် သူတို့ထိပ်ဆုံး၄သင်းမှာ အဆုံးသတ်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဥရောပမှာ မကစားနေဘဲ အပတ်တိုင်း တစ်ပွဲသာ ကန်ရလို့ဖြစ်တယ်”

“အာဆင်နယ်က ဒီလို ရောထွေးမှုတွေနဲ့ထိုက်တန်တဲ့ ချီးကျူးမှု ရနေတယ် သူတို့အောက်က အသင်းတွေကို အနိုင်ရလာတာနဲ့အမျှ အခွင့်အရေး ရှိပါတယ်။ သူတို့ ဘယ်ထိပ်သီး ၃သင်းကိုမဆို ရှုံးခဲ့မယ်ဆိုရင် ဒါက ကြီးမားတဲ့ ကွာခြားမှု မဖြစ်စေပါဘူး ဘာလို့လဲဆိုတော့ ကျန်တဲ့အသင်းတွေက အဆိုပါ၃သင်းကို အနိုင်ကစားနိုင်မှာ မဟုတ်လို့ပါပဲ” ဟု ပေါလ်မာဆင်က ပြောကြားသွားခဲ့ပါတယ်။

#အာတီတာ #မာတီနယ်လီ #ပေါလ်မာဆင်