ရှေ့သို့
Image

ကာရာဘောင်နိုင်ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ချာလီပါတီနိုအား ချီးကျူးလိုက်တဲ့ အာတီတာ

12:56 PM, 22 December

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆန်းဒါးလန်းအသင်းကို ၅-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူငယ်ကစားသမားလေး ချာလီပါတီနိုအား ချီးကျူးလိုက်ပါတယ်။ "တကယ်လှပတဲ့အခိုက်အတန့်ပါ"လို့ အာတီတာက အသက် ၁၈ နှစ်သားဂိုးသွင်းအပြီးမှာ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆန်းဒါးလန်းအသင်းကို အန်ကီတီယာဟက်ထရစ် ၊ ပီပီ ၊ ပါတီနိုတို့ရဲ့ဂိုးတွေနဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

"အိပ်မက်လိုပါပဲ။ ပွဲဦးထွက်မှာ အခုလိုမျိုးဂိုးသွင်းနိုင်ခဲ့တာက တကယ်ကောင်းတဲ့အခိုက်အတန့်ပါ။ သူက လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ကောင်လေးပါ။ ပရိသတ်တွေကလည်း သူဘယ်ကလာလဲဆိုတာ ပရိသတ်တွေသိပါတယ်"လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းနည်း အာတီတာကလည်း ပါတီနိုနဲ့ပတ်သက်ပြီး "သူအတွက် အခွင့်အရေးကောင်းတစ်ရပ်ပါ။ ငယ်သေးတဲ့အတွက် တစ်ဆင့်ချင်းသွားရမှာပါ။ ဒီနေ့မှာ သူကံကောင်းခဲ့ပါတယ်"လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အကယ်ဒမီထွက် ကစားသမား အန်ကီတီယာကလည်း ဒီနေ့ညမှာ ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အာတီတာကတော့ အင်္ဂလန်သားခြေစွမ်းကို သံသယမရှိပဲ အသင်းမှာဆက်ရှိနေစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ အခုလာမယ့်တနဂ်နွေနေ့မှာ နောဝစ်ချ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ကာရာဘောင်ဖလား #အန်ကီတီယာ