ရှေ့သို့
Image

ကိုဗစ်ပိုးကူးစက်ခံရတဲ့ တတိယမြောက် အာဆင်နယ် ကစားသမား နောက်ခံလူ ချမ်ဘာစ့် ဖြစ်လာ

9:22 AM, 22 December

ကာရာဘောင်ဖလားပွဲအဖြစ် ဆန်းဒါးလန်းအသင်းအား အနိုင်မရမီ နောက်ခံလူ ချမ်ဘာ့စ်တွင် ကိုဗစ် ကူးစက်ခံနေရကြောင်း အာဆင်နယ်အသင်းက ထုတ်ဖော်ကြေညာလိုက်ပါတယ်။ အသက်၂၆နှစ်အရွယ် နောက်ခံလူဟာ အင်္ဂါညက ကစားခဲ့တဲ့ ဆန်းဒါးလန်းနဲ့ပွဲတွင် ကိုဗစ်ကြောင့် မပါဝင်လာတော့ဘဲ အသင်းတွင် တတိယမြောက် ကူးစက်ခံရသူ ဖြစ်ကြောင်း လန်ဒန်ကလပ်က အတည်ပြုခဲ့သည်။

လွန်ခဲ့တဲ့အပတ်က ကွင်းလယ်လူ လိုကွန်ဂါ၊ နောက်ခံလူ ပါဘလို မာရီတို့လိဒ်စ်နဲ့ပွဲမတိုင်မီမှာ ကိုဗစ်ပိုးရှိကြောင်း တွေ့ထားခဲ့တယ်လို့နည်းပြအာတီတာက ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ ဒါအပြင် ဆန်းဒါးလန်းပွဲတွင် မစ်လန်းနိုင်းစ် မပါဝင်ခဲ့ခြင်းဟာ ကိုဗစ်ကူးစက်တာတော့ မဟုတ်ပေမယ့် ဖျားနာနေခဲ့လို့လွဲချော်ခဲ့တယ်လို့ဆိုထားပါတယ်။

အာတီတာဟာ ဆန်းဒါးလန်းပွဲတွင် ကစားသမား၉ယောက်ခန့်အထိ ပြောင်းလဲခဲ့ပြီး နောက်ခံလူ ဘန်ဝှိုက်နှင့် ကွင်းလယ်လူ အိုဒီဂတ်တို့သာ ဆက်လက် ပွဲထွက်ခွင့် ရခဲ့ပါတယ်။ နောက်ခံလူ ဆဲဒရစ်၊ တာဗာရက်စ်၊ ဟိုးလ်ဒင်းတို က အသင်းမှာ ပါလာခဲ့ပြီး ကွင်းလယ်တွင် အယ်နေနီလည်း နေရာ ရခဲ့ပါတယ်။

တိုက်စစ်တွင် စမစ်ရိုဝီက ဒီဇင်ဘာလ၂ရက်နောက်ပိုင်း ပထမဆုံး ပြန်ပွဲထွက်ခွင့် ရခဲ့သလို ညာတောင်ပံတွင် ပီပီ၊ အထောင်တိုက်စစ်နေရာမှာ အမ်ခီတီယာနှင့် ဘာလိုဂမ်တို့ပါလာခဲ့ပါတယ်။ အဆိုပါပွဲတွင် လူငယ်တိုက်စစ်မှူး အမ်ခီတီယာ ဟက်ထရစ်ဂိုး သွင်းခဲ့ပြီး အာဆင်နယ်အသင်းဟာ ၄နှစ်အတွင်း ပထမဆုံးအကြိမ် ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ၂၀၁၈ခုနှစ်တုန်းက ဖိုင်နယ်အထိ ရောက်ခဲ့ပေမယ့် ဂွါဒီယိုလာရဲ့ မန်စီးတီးကို ရှုံးခဲ့ပါတယ်။ ကာရာဘောင်ဖလားကို အာဆင်နယ်အသင်းဟာ ၁၉၉၃ခုနှစ် နောက်ပိုင်း မရရှိထားသေးပါဘူး။

#အာဆင်နယ် #ချမ်ဘာစ် #ကာရာဘောင်ဖလား #ဆန်းဒါးလန်း