ရှေ့သို့
Image

ရေးဗားပလိတ်လူငယ်ကြယ်ပွင့် အယ်ဗာရက်ဇ်ကို စိတ်ဝင်စားလာတဲ့ ယူနိုက်တက်

3:40 PM, 21 December

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရေးဗားပလိတ်တိုက်စစ်မှူးလေး ဂျူလီယန်အယ်ဗာရက်ဇ်ကို စိတ်ဝင်စားလာတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ အာဂျင်တီးနားကလပ်မှာ ဂိုးသွင်းစက်ဖြစ်နေတဲ့ ၂၁ နှစ်အရွယ် တိုက်စစ်မှူးလေးကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အယ်ဗာရက်ဇ်ဟာ ဒီရာသီရေးဗားပလိတ်အတွက် ၄၆ ပွဲကစားပြီး ၂၄ ဂိုးသွင်း ၁၅ ဂိုးဖန်တီးထားပါတယ်။ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကလည်း ပြီးခဲ့တဲ့လတွေကတည်းက စိတ်ဝင်စားခဲ့ကြပါသေးတယ်။

အာဂျင်တီးနားကလာတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ ရေးဗားပလိတ်ထံ ဆက်သွယ်ပြီး အပြောင်းအရွှေ့ကိစ္စ အတွက် စကားပြောခဲ့တယ်လို့လည်း သိရပါတယ်။ အာဂျင်တီးနားကလပ်ဘက်ကတော့ အယ်ဗာရက်ဇ်ကို ရောင်းဖို့စိတ်မဝင်စားပေမယ့် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၁၇ နဲ့ ၂၁ သန်းကြားသာ ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂျူလီယန်အယ်ဗာရက်ဇ်