ရှေ့သို့
Image

မန်ချက်စတာယူနိုက်တက်ကစားသမားဘဝကို ဘယ်လို ပြန်ပြင်ဆင်ရမလဲဆိုတာ ပေါ့ဂ်ဘာကို အကြံပေးလိုက်တဲ့ ပက်ထရစ်အီဗရာ

3:27 PM, 21 December

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းဟာ ပေါ့ဂ်ဘာရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ပရိသတ်တွေနဲ့အမေးအဖြေ လုပ်သွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝကို ပြန်လည်ပြင်ဆင်ဖို့အတွက် အီဗာရာက အကြံပေး စကားဆိုခဲ့သည်။

ထပ်မံပြီး ကမ္ဘာ့ဖလားဆုရှင် ပေါ့ဂ်ဘာဟာ ယူနိုက်တက်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လာပြီး အေဂျင့် မီနို ရွိုင်းအိုလာဟာလည်း ယူနိုက်တက်ဘက်က စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ထားကာ ကစားသမားရဲ့ အသင်းသစ်က ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ် ဖြစ်နိုင်တယ်လို့ထုတ်ဖော် ပြောဆိုထားပါတယ်။ လက်ရှိ ပေါ့ဂ်ဘာရဲ့စာချုပ်ဟာ နောက်ဆုံးလတွေထဲ ရောက်နေပြီး ယခုနှစ်အကုန်တွင် အသက်၂၈နှစ်သားဟာ ယူနိုက်တက်ကနေ ဒုတိယအကြိမ် အလွတ်ဖြင့် ထွက်သွားခွာနိုင်တယ်လို့ယူဆချက်တွေ တိုးလာပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ဇန်နဝါရီအပြောင်းအရွှေ့ရှိနေသေးတာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးကလပ်ဟာ ကစားသမားကို ရောင်းချနိုင်တဲ့ အခွင့်အရေး ရှိပါသေးတယ်။ ပေါ့ဂ်ဘာနဲ့ ဂျူဗင်တပ်စ်မှာ အတူတွဲကစားဖူးသူလည်း ဖြစ် ယူနိက်တက်နောက်ခံလူဟောင်းလည်း ဖြစ်တဲ့ အီဗရာက ပေါ့ဂ်ဘာ အသင်းမှာ ဆက်နေနိုင်ဖို့လုပ်နိုင်တဲ့ အချက်တစ်ချက် ရှိတယ်လို့ဆိုပါတယ်။

ဖိုးဖိုးတူး မဂ္ဂဇင်းတွင် ပရိသတ်တွေနဲ့အမေးအဖြေလုပ်ရာမှာ အီဗရာက ပြောရာတွင်“လူတွေက ပေါလ်ကို ဝေဖန်ကြတဲ့အခါ ကျွန်တော့်အတွက် နာကျင်ရပါတယ် ကျွန်တော်ပြောချင်တာက ညီလေးတစ်ယောက်လို ဖြစ်နေတဲ့ ပေါ့ဂ်ဘာကို ဝေဖန်တဲ့အခါ နာကျင်ရပါတယ်။ ကျွန်တော်တို့စကားတွေ အများကြီး ပြောဖို့ရှိသေးပြီး သူကို အများကြီး ထောက်ပံ့ချင်တယ်။ သူက ကစားသမားကောင်းတစ်ယောက်ပါ တစ်ချို့တလေတွေက ဘာကြောင့် ပြင်သစ်အသင်းမှာ ကောင်းပြီး ယူနိုက်တက်မှာ ပေါ့ဂ်ဘာ မကောင်းတာလဲဆိုတာ နားမလည်နိုင်ကြပါဘူး။  သူ ဒါကို ပြင်ဆင်ဖို့လိုတယ်”

“ပရိသတ်တွေကို အချစ်တွေ ပိုပြီး ပေးရမယ် ဒါဆိုရင် ပရိသတ်တွေလည်း သူကို ပြန်ချစ်ကြမှာပါ။ တစ်ချို့ဂန္တဝင်ကစားသမားဟောင်းတွေက ပေါ့ဂ်ဘာကို ပုဂ္ဂိုလ်ရေးအရ အရမ်း တိုက်ခိုက်လွန်းတယ်လို့ထင်တယ် ဒါကို ကျွန်တော်မကြိုက်ဘူး သူက လူတော်လူကောင်း တစ်ယောက်ပါ”ဟု ပြောကြားသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အီဗရာ #ပေါ့ဂ်ဘာ #ရွိုင်းအိုလာ