ရှေ့သို့
Image

ယခုနှစ်အတွင်း အာဆင်နယ်ရဲ့ ထိပ်ဆုံးလေးသင်း ဝင်နိုင်ချေရှိမရှိကို သုံးသပ်လိုက်တဲ့ ဂရေမီဆောင်းနက်စ်

12:53 PM, 21 December

အာဆင်နယ်အသင်းဟာ ယခုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး၄သင်း ဝင်ရောက်နိုင်ချေ ရှိတယ်လို့ယုံကြည်နေပြီး သို့သော်လည်း ယခုကစပြီး တိုးတက်မှုတွေ လုပ်ရမည်ဟု ဂရေမီဆောင်းနက်စ်က သတိပေး ပြောကြားခဲ့သည်။ မြောက်လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ် အဆင့်ရပ်တည်ချက်တွင် အဆင့်၄နေရာမှာ ရှိနေပြီး ဝက်စ်ဟမ်းနဲ့ ၁ပွဲအပို ၄မှတ်အကွာတွင် ရှိနေသည်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်တွင် နောက်ဆုံး၃ပွဲဆက် အနိုင်ရပြီးနောက် တတိယနေရာက ချဲလ်ဆီးနဲ့၆မှတ်သာ ကွာတော့ပါတယ်။ ပြီးခဲ့တဲ့ စနေညက အယ်လန်ရုဒ်တွင် လိဒ်စ်ကို ၄-၁ဂိုးဖြင့် အနိုင်ကစားခဲ့ပြီး အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားကာ ချန်ပီယံလိဂ်ဝင်ခွင့်မှာ ဆက်မြဲဖို့ကြိုးစားသွားဖွယ် ရှိပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိတွင် ၂ပွဲလျော့ ၅မှတ်အကွာဖြင့် ဂန်းနားတွေရဲ့နောက်မှာ ရှိနေပြီး အာဆင်နယ်ရဲ့ မြိုခံပြိုင်ဘက် တော့တင်ဟမ်အသင်းကလည်း ၃ပွဲလျော့ ၈မှတ်အကွာတွင် ရှိနေပါတယ်။

ယခုနှစ်မှာ ချန်ပီယံလိဂ်တိုက်ပွဲက ပြင်းထန်လာတာနဲ့အမျှ အာဆင်နယ်အသင်းရဲ့ ထိပ်ဆုံးလေးသင်း ဝင်နိုင်ချေ ရှိမရှိကို လီဗာပူးကစားသမားဟောင်းက သုံးသပ်ခဲ့ပါတယ်။ “လက်ရှိ အနေအထားအရ အာဆင်နယ်က ကျန်တဲ့အသင်းတွေထက် ပိုကောင်းနေပါတယ် ကျွန်တော်အတွက် တိုက်စစ်၃ယောက်က ကျန်တဲ့အသင်းတွေက သူတွေထက် ပိုကောင်းပါတယ် ဒါပေမဲ့ ကျွန်တော်ပြောနေတာက အာဆင်နယ်၊ မန်ယူနိုက်တက်၊ စပါးစ်၊ တို့ကြားက အရာဖြစ်ပြီး ဝက်စ်ဟမ်းကလည်း ချန်ပီယံလိဂ်တိုက်ပွဲမှာ ဝင်ပါမှာပါ”

“အာဆင်နယ်အတွက် အဆင့်၄အတွင်း သူတို့လက်လှမ်းမီနိုင်သော်လည်း အခုမှ ရာသီဝက်ဘဲ ရှိပါသေးတယ် သူတို့အဝေးကွင်းရလဒ်ကို မြှင့်တင်ရပါမယ်။ အဝေးကွင်းရလဒ်တွေက ကောင်းမွန်မှု မရှိပါဘူး။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက လီဗာပူးကို သူတို့သွားကစားတုန်းက အဆင့်နဲ့ လက်ရှိ အာဆင်နယ်ရဲ့ အဆင့်က လုံး၀ ကွဲပြားသွားပြီလို့ထင်ပါတယ်။ ဟုတ်ပါတယ် သူတို့မှာ အဆင့်၄ရနိုင်တဲ့ အခွင့်အရေး ရှိပါတယ် ဒါပေမဲ့ စပါးအသင်းက အဆင့်၄နေရာအတွက် ကြိုးစားလာမယ် ဝက်စ်ဟမ်း၊ မန်ချက်စတာယူနိုက်တက်တို့ကလည်း ပါဝင်လာပါမယ် ဝက်စ်ဟမ်းကလည်း  သူတို့နဲ့ကစားတဲ့ ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်စွမ်း ရှိတဲ့ အသင်းလို့ထင်ပါတယ်”ဟု ဆိုသည်။

“လိဒ်စ်ကို ၄-၁ဂိုးဖြင့် အနိုင်ရတဲ့ ပွဲတွင် မာတီနယ်လီဟာ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး ၂ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွင်း စည်းလုံးမှု ရှိခြင်းက သူတို့ရဲ့ အဆင့်၄စိန်ခေါ်မှုကို ဖြစ်စေနိုင်မယ်လို့ဘရာဇီးသားလေးက ယုံကြည်နေပါတယ်။
ပွဲအပြီး မာတီနယ်လီက ပြောရာမှာ “ကျွန်တော်တို့ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အနည်းငယ် ခြေကျခဲ့တယ်လို့ထင်ပါတယ် ဒါပေမဲ့ ဒါက ပုံမှန်ပါပဲ။ သူတို့လည်း ပွဲကို အနိုင်ရချင်ခဲ့ပါတယ်။ လိဒ်စ်က အသင်းကောင်းတစ်သင်းပါ ဒါပေမဲ့ ကျွန်တော်တို့အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အရေးပါတဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်”

“ပြောခဲ့သလို ကျွန်တော်တို့မှာ လူငယ်အသင်းတစ်သင်း ရှိပါတယ် ဒါပေမဲ့ သန်မာတောင့်တင်းတဲ့ အသင်း ရှိပါတယ်။ ကျွန်တော်တို့ အသင်းလိုက် အတူတူကစားမယ် ပရိသတ်တွေလည်း အတူတူရှိပါမယ် သူတို့က အင်အားတွေ အများကြီး ကျွန်တော်တို့ကို ပေးပါတယ် အနိုင်အတွက်လည်း သူတို့က အရေးကြီးခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

#အာတီတာ #လိဒ္ #ဆောင်းနက်စ်