ရှေ့သို့
Image

မက်ပီရဲ့ ၂၃ နှစ်ပြည့်မွေးနေ့ အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ပီလီ

10:38 AM, 21 December

ဘရာဇီးဂန္တဝင်ကြီး ပီလီကတော့ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန်မက်ပီရဲ့ ၂၃ နှစ်ပြည့်မွေးနေ့အတွက် မွေးနေ့ဆုတောင်း တစ်ခုပြုလုပ်ပေးခဲ့ပါတယ်။ မက်ပီဟာ သူ့ရဲ့မွေးနေ့ကို ပီအက်စ်ဂျီအသင်းဖော်တွေနဲ့အတူ ဖြတ်သန်းခဲ့ပြီး ဧရာမမွေးနေ့ကိတ်ကြီးနဲ့ ပုံတစ်ပုံကိုလည်း သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်မှာ တင်သွားခဲ့ပါတယ်။

ပီလီကလည်း သူ့ရဲ့တွစ်တာမှာ “ပျော်စရာ မွေးနေ့လေးဖြစ်ပါစေ။ ကြယ်ပွင့်လေး တစ်ခုလို ဆက်လက်တောက်ပပြီး မြင့်သထက် မြင့်တဲ့နေရာဆီ ပုံသန်းနိုင်ပါစေ မက်ပီရေ”ဆိုပြီး ရေးသားခဲ့ပါတယ်။ မာရာဒိုနာနဲ့ မက်ပီဟာ ဘောလုံးမျိုးဆက်ချင်း တော်တော်လေး ကွာပေမယ့် ၂၀၁၉ တုန်းက ပဲရစ်မြို့ရဲ့ ပွဲတစ်ခုမှာ ဆုံတွေ့ခဲ့ပြီးနောက် ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ပြီး မာရာဒိုနာက ပီအက်စ်ဂျီစတားကို အမြဲလိုလို မက်ဆေ့ဂျ်ပို့ပြီး စကားတွေ ပြောလေ့ရှိပါတယ်။ ပြင်သစ်အသင်း ယူရို ၂၀၂၀ ကနေ ထွက်ခွာခဲ့ရတုန်းကလည်း ပင်နယ်တီလွဲခဲ့တဲ့ မက်ပီကို မာရာဒိုနာက အားပေးစကားတွေ ပြောခဲ့ပါသေးတယ်။ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်နဲ့ ၃-၃ သရေ ကျခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာ မက်ပီတစ်ယောက်တည်း မဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ပီလီက သူ့ရဲ့တွစ်တာမှာ “ ခေါင်းမော့ထားစမ်း ကိုင်လီယန်၊ မနက်ဖြန်က မင်းရဲ့ခရီးသစ် စတင်တော့မယ်”ဆိုပြီး ရေးခဲ့ပါသေးတယ်။

ဘရာဇီးဂန္တဝင်ကြီးဟာ ၂၃ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ မက်ပီကို အမြဲလိုလိ အကြံဉာဏ်တွေလည်း ပေးလေ့ရှိပါတယ်။ ပြင်သစ်သားရဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်ဟာ လာမယ့်နွေရာသီဆိုရင် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို အလွတ်နဲ့ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ ပီလီကတော့ မကြာသေးမီကမှ အူအတက် ခွဲစိတ်ဖို့အတွက် ဆော်ပေါ်လိုဆေးရုံမှာ တက်ရောက်ဆေးကုသခဲ့ရပါသေးတယ်။

#ပီလီ #ပီအက်စ်ဂျီ #လီဂူးဝမ်း #မက်ပီ