ရှေ့သို့
Image

ယူရိုသန်း၇၀ဖြင့် ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပေမယ့် ကစားသမားက အပြောင်းအရွှေ့ကို ငြင်းဆန်ခဲ့လို့လက်လျော့ရဖူးတဲ့ လီဗာပူး

10:21 AM, 21 December

ဖီအိုရင်တီးနားအသင်းဟာ လက်ရှိ ဥရောပအသင်းကြီးအများစုက စိတ်ဝင်စားနေကြတဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ကို ရောင်းချသွားရဖို့ရှိနေပါတယ်။ ဆာဘီးယားသားဟာ အသင်းကနေ ထွက်ခွာလိုနေပြီး စာချုပ်သစ်ကိုလည်း ငြင်းဆန်ထားပါတယ်။ ဖီအိုရင်တီးနားဘက်က ရောင်းချရင်တောင် မြိုးမြိုးမြက်မြက်ရဖို့ မျှော်လင့်ထားပြီး ဂျူဗီကို နောက်ထပ်တစ်ကြိမ် တူညီသော အဖြစ်မျိုးနဲ့ကစားသမားကို မပေးရဖို့ကြိုးစားဖွယ် ရှိပါတယ်။

ဂျူဗင်တပ်စ်နှင့် ဖီအိုရင်တီးနား နှစ်သင်းကြားက “အပြောင်းအရွှေ့နဲ့ပတ်သက်လို့ဆက်ဆံရေးက မပြေလည်ဘဲ ၁၉၉၀ခုနှစ် ရော်ဘတ်တို ဘတ်ဂီယိုက ဂျူဗီကို ရောက်သွားတာနဲ့အစပြုခဲ့ပါတယ်။ သူဟာ ကမ္ဘာ့စံချိန်တင်နဲ့ ပြောင်းသွားတာ ဖြစ်ပေမယ့် ဖီအိုရင်တီးနားပရိသတ်များက မကျေနပ်လို့ဆန္ဒပြခဲ့ကြပြီး အထိကရုန်းများတောင် ရှိခဲ့ပါတယ်။ ၂၀၂၀ခုနှစ် တောင်ပံကစားသမား ချီဆာ ဖြစ်ရပ်ကလည်း အလားတူပါပဲ။ တူရင်ကလပ်ဟာ အငှား၂နှစ်စာချုပ် အပြီးသတ်ခေါ်ယူခွင့် အချက်နဲ့ ဖီအိုရင်တီးနားကြယ်ပွင့် ချီဆာကို ခေါ်ယူခဲ့ပါတယ်။ အီတလီဂျာနယ်လစ် နီကိုလို ရဲ့ ဖော်ပြချက်အရ ဖီအိုရင်တီးနားဟာ လီဗာပူးထံ ကစားသမားကို ရောင်းချလိုခဲ့တာ ဖြစ်ပါတယ်။ ချီဆာရဲ့ ဖြစ်ရပ်နောက်ကွယ်က အကြောင်းကို ပြောပြချင်ပါတယ် ဖီအိုရင်တီးနားက လီဗာပူးနဲ့ ကစားသမားအတွက် ယူရိုသန်း၇၀ခန့် ရဖို့သဘောတူညီမှု ရခဲ့ပါတယ် ဒါပေမဲ့ ကစားသမားက ဂျူဗင်တပ်စ်ကိုသာ ပြောင်းချင်တာကြောင့် ဆွေးနွေးမှုက မဖြစ်လာခဲ့ပါဘူး ပြီးတော့ ဂျူဗင်ထံ  အငှား၂နှစ်နဲ့ရောက်သွားတယ်”ဟု ဆိုသွားခဲ့ပါတယ်။

လက်ရှိတွင် ချီဆာဟာ တဖန်ပြန်ပြီး ပရီးမီးယားလိဂ်သို့ပြောင်းရန် ရေပန်းစားလာခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးက အနာဂတ်မှာ ချီဆာကို ယူရိုသန်း၇၀ ပမာဏမျိုးနဲ့ထပ်မံခေါ်ယူနိုင်ဖို့လွယ်တော့မှာ မဟုတ်သလို ဂျာဂင်ကလော့ပ်ရဲ့ ကြိုးကြာနီတွေဟာလည်း အပြောင်းအရွှေ့ပယ်ချဖူးတဲ့ ကစားသမားကို ဝယ်ယူဖို့စိတ်အားထက်သန်သွားဖွယ် မရှိနိုင်တော့တာ ဖြစ်ပါတယ်။

#လီဗာပူး #ချီဆာ