ရှေ့သို့
Image

အသင်းဟောင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်လာတဲ့ ပက်ဂျီဆန်

4:22 PM, 20 December

ယူနိုက်တက်အသင်းကစားသမားဟောင်း ပက်ဂျီဆန်ဟာ ပရီးမီးယားလိဂ်ကလပ်အသင်းဟောင်း ကျူပီအာ အသင်းရဲ့နည်းပြ အဖွဲ့ဝင်အဖြစ် ပါဝင်လာတယ်လို့ သိရပါတယ်။ ကျူပီအာအသင်းက စနေနေ့တုန်းက ပက်ဂျီဆန်တစ်ယောက် လူငယ်အသင်းနည်းပြအဖွဲ့ထဲပါလာပြီလို့ အတည်ပြုခဲ့ပါတယ်။

ပက်ဂျီဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ပထမဆုံးတောင်ကိုရီးယားသားဖြစ်ပြီး ၂၀၀၅ ခုနှစ်က ယူနိုက်တက်ကို ရောက်လာခဲ့တာဖြစ်ကာ ၂၀၁၂ - ၁၃ ရာသီမှာ ကျူပီအာအသင်းနဲ့အတူ ကစားသမားကုန်ဆုံးခဲ့ပါတယ်။ ကစားသမားဘဝပြီးဆုံးကတည်းက ပက်ဟာနည်းပြဘဝအတွက် ပြင်ဆင်နေခဲ့တာဖြစ်ကာ အခုချိန်မှာတော့ ကျူပီအာသင်းရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အသက် ၄၀ နှစ်သားဟာ တောင်ကိုရီးယားရဲ့ လူငယ်ဖွံ့ဖြိုးရေး ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

"ကျူပီအာ အတွက် ကစားပေးရတာက တကယ့်ကို စိတ်ဝင်စားစရာကောင်းသလို လူငယ်ခြေတက်တွေကိုလည်း မြင်ခဲ့ရပါတယ်။  ဒီမှာရှိတဲ့သူတွေဆီကနေ အများကြီးသင်ယူရဦးမှာပါ။ တောင်ကိုရီးယား ဒါမှမဟုတ် အာရှမှာတော့ တိုးတက်လာဖို့ လိုအပ်ချက်တွေရှိနေဆဲပါ"လို့ ပက်ဂျီဆန်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကျူပီအာ #ပက်ဂျီဆန်