ရှေ့သို့
Image

နယူးကာဆယ်ကို အနိုင်ရပြီးနောက် ကိုင်လီဝေါ်ကာရဲ့ အခြေအနေကို ဖွင့်ဟလိုက်တဲ့ ဂွါဒီယိုလာ

3:51 PM, 20 December

နယူးကာဆယ်ကို ၄ဂိုးပြတ် အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ နောက်ခံလူ ဝေါ်ကာ ဘာကြောင့် မပါဝင်သလဲ အကြောင်းရင်းအား မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရှင်းလင်းပြောကြားခဲ့သည်။ အင်္ဂလန်နောက်ခံလူဟာ လိဒ်စ်ကို ကြားရက်တွင် အနိုင်ရတဲ့ ပွဲမှာ ကြံခိုင်မှုအနေအထားကြောင့် မပါဝင်ခဲ့ဘဲ သူရဲ့ နောက်ဆုံး ပွဲထွက်ထားမှုက လိုက်ပ်ဇစ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ လာမယ့် ၂ပတ်အတွင်း ရင်ဆိုင်ရမယ့် လက်စတာ၊ ဘရန်ဖို့ဒ်၊ အာဆင်နယ်ပွဲတွေမှာ နောက်ခံလူ ကိုင်လီဝေါ်ကာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။  တနင်္ဂနွေ လူစာရင်းတွင် အသက်၃၁နှစ်သား ဝေါ်ကာ မပါဝင်နိုင်တဲ့ အကြောင်းအား ပွဲပြီးအင်တာဗျူးတွင် ဂွါဒီယိုလာက ပြောရာမှာ နယူးကာဆယ်နဲ့ပွဲဟာ ဝေါ်ကာ အချိန်မီကြံခိုင်မှု ပြန်ရနိုင်ဖို့စောလွန်းခဲ့လို့ဖြစ်တယ်လို့ပြောပါတယ်။

“သူ ဒီနေ့မှာ နေသိပ်မကောင်းခဲ့ပါဘူး စိတ်ခံစားချက် မကောင်းခဲ့ဘူးပေါ့။ လက်ရှိကိစ္စက ၁ရက်သို့၂ရက်လောက် နားရမှာ ဖြစ်တယ် နောက်တော့ ယခုရာသီရဲ့ အခက်ခဲဆုံးအပိုင်းကို ကျွန်တော်တို့ပြင်ဆင်သွားမှာပါ။ လက်စတာ၊ဘရန့်ဖို့ဒ်၊ အာဆင်နယ်ပွဲတွေပါ ဒါပြီးရင်တော့ ရာသီအဆုံးသတ်မှာ ကျွန်တော်တို့အနေအထားကို ကြည့်သွားရပါမယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

#မန်စီးတီး #နယူးကာဆယ် #ဂွါဒီယိုလာ