ရှေ့သို့
Image

ဂျူဗင်တပ်စ်ကနေ ဒီလစ်ဂျ်ထွက်ခွာဖို့ အသင့်ရှိနေကြောင်း အေးဂျင့် ရွိုင်းအိုလာ ဖွင့်ဟ

2:06 PM, 20 December

ဂျူဗင်တပ်စ်အသင်းနောက်ခံလူ ဒီလစ်ဂျ်ရဲ့အေးဂျင့် ရွိုင်းအိုလာက သူ့ရဲ့ကစားသမားဟာ အသင်းပြောင်းဖို့ အသင့်ဖြစ်နေလို့ ပြောကြားလိုက်ပါတယ်။ ဒီလစ်ဂျ်ဟာ တူရင်ကို ဆယ်ကျော်သက်အရွယ်တုန်းက ပေါင်  ၆၃ သန်းနဲ့ ရောက်လာခဲ့တာဖြစ်ကာ အေဂျက်အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

နယ်သာလန်သားဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေ ၊ ကိုပါအီတာလီယာဖလားတွေကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ အင်တာမီလန်နဲ့ ၁၂ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။ အဆိုပါအခြေအနေတွေကြောင့် အေးဂျင့်ရွိုင်းအိုလာက သူ့ကစားသမားဟာ အသင်းပြောင်းဖို့ များနေတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ ဒီလစ်ဂျ်ကို အသင်းကြီးတော်တော်များများက ချိတ်ဆက်နေပြီး ချဲလ်ဆီးအတွက်လည်း သတင်းကောင်းဖြစ်လာပါတယ်။

ချဲလ်ဆီးဟာ လာမယ့်နှစ်နောက်တန်းနေရာမှာ ကစားသမား ၄ ဦး လောက် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ကာ နောက်တန်းသစ်ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ရူဒီဂါ နဲ့ အက်စ်ပီလီကျူတာတို့ ၂ ဦးဟာ အသင်းပြောင်းဖို့များနေပြီး ဂျာမန်သားကို ရီးရဲလ်အသင်းက ခေါ်ယူချင်နေပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဆီဗီလာနောက်ခံလူ ကွန်ဒီကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။

ဒီလစ်ဂျ် နဲ့ ဂျူဗင်တပ်စ်တို့ကြားစာချုပ်သက်တမ်းက ၂ နှစ်ခွဲလောက်ကျန်ရှိနေတာဖြစ်ကာ ချဲလ်ဆီးအနေနဲ့ ခက်ခဲဖွယ်တော့ရှိနိုင်ပါတယ်။

#ဂျူဗင်တပ်စ် #ရွိုင်းအိုလာ #ကွန်ဒီ #ဒီလစ်ချ်