ရှေ့သို့
Image

တော့တင်ဟမ်နဲ့ပွဲတွင် အနီကတ်ပြခံရပြီးနောက် လီဗာပူးပရိသတ်တွေကို တောင်းပန်စကားဆိုလိုက်တဲ့ ရော်ဘတ်ဆန်

1:37 PM, 20 December

လီဗာပူးဘယ်နောက်ခံလူ ရော်ဘတ်ဆန်ဟာ တော့တင်ဟမ်နဲ့ပွဲတွင် အနီကတ်ပြ ထုတ်ပယ်ခံရပြီးနောက် အသင်းပရိသတ်တွေကို တောင်းပန်စကား ဆိုလိုက်ပါတယ်။ ဘယ်နောက်ခံလူဟာ တနင်္ဂနွေတွင် ၂-၂ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အီမာဆင်ကို ဖျက်ထုတ်မှုအတွက် ဒိုင်က ပထမက အဝါကတ်သာ ပြသခဲ့ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် VAR ရဲ့ စစ်ဆေးမှု ပြန်ကြည့်ပြီးနောက် ဒိုင်လူကြီး ပေါလ်တီယာနေးက သူရဲ့ စိတ်ကို ပြောင်းလဲခဲ့ပြီး စကော့တလန်အသင်းခေါင်းဆောင်အား တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။

လီဗာပူးရဲ့ ဒုတိယဂိုးအတွက် ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့သော်လည်း ရော်ဘတ်ဆန်ဟာ အနီကတ်ကြောင့် ပရီးမီးယားလိဂ်နှင့် ကာရာဘောင်ဖလားတွေမှာ တွေ့မယ့် လက်စတာနဲ့ပွဲစဉ် ၂ပွဲ၊ ဘောက်ဆင်ဒေးမှာ ကစားမယ့် လိဒ်စ်နဲ့ပွဲတို့ကို လွဲချော်သွားဖို့ရှိပါတယ်။ တော့တင်ဟမ်ကွင်းမှာ ကစားခဲ့တဲ့ တနင်္ဂနွေည ပွဲဟာ အငြင်းပွားမှု များစွာ ဖြစ်ခဲ့ပြီး ကလော့ပ်ဟာလည်း ပွဲပြီးအင်တာဗျူးတွင် ဒိုင်လူကြီး တီယာနေးကို ဝေဖန်ခဲ့ပါတယ်။

အင်စတာဂရမ်ပို့စ်တွင် ရော်ဘတ်ဆန်ဟာ လီဗာပူးပရိသတ်တွေထံ တောင်းပန်စကားဆိုသွားခဲ့ပြီး ပွဲအတွင်း အဖြစ်အပျက်တွေကို ပြန်လည်ပြောဆိုရန် ငြင်းဆန်ခဲ့ပါတယ်။ “အမှားတစ်စုံတစ်ရာ လုပ်မိတဲ့အခါ တာဝန်ယူတတ်ဖို့ကျွန်တော် ကြီးပျင်းလာတာပါ။ ကျွန်တော်ရဲ့ ဖျက်ထုတ်မှုက ညံ့ဖျင်းပြီး  လွဲမှားခဲ့တာကို ဝန်ခံပါတယ်” ဟု ပြောဆိုသွားခဲ့ပါတယ်။

တဖက်မှာ တော့တင်ဟမ်တိုက်စစ်မှူးကိန်းက ပွဲအတွင်း ရော်ဘတ်ဆန်ကို လျှောထိုးဖျက်ထုတ်တာနဲ့ ပတ်သက်ပြီး အဝါကတ်သာ ပြခံရမှုအပေါ် ဒိုင်လူကြီး တီယာနေးရဲ့ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။ “ဒါက သန်မာတဲ့ ဖျက်ထုတ်မှုတော့ ဖြစ်ခဲ့တယ်လို့ထင်တယ် ဒါပေမဲ့ ဘောလုံးကို ကျွန်တော် ဦးခဲ့တယ်လို့ထင်တယ်။ ဒါပေမဲ့ ထိပ်သီးကလပ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ နေရာတိုင်းမှာ သင်အနေနဲ့ တိုက်ပွဲဝင်ရမှာပါ တစ်ခါတလေမှာ သန်မာတဲ့ ဖျက်ထုတ်မှုတွေ လုပ်ရပါမယ်  သူတို့ဒါကို ကြည့်ရူစစ်ဆေးတယ် ပြီးတော့ အဝါကတ်ပြတယ် ကျွန်တော်တို့ဆက်ကစားပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

#လီဗာပူး #တော့တင်ဟမ် #ရော်ဘတ်ဆန် #တီယာနေး