ရှေ့သို့
Image

ကွင်းလယ်ဒိုင် ပေါလ် တီယာနေးရဲ့ အဝါကတ်ပဲပြခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ဟယ်ရီကိန်းဆို

10:04 AM, 20 December

ဟယ်ရီကိန်းက ယမန်နေ့ည ရောဘတ်ဆန်ကို လူချကစားခဲ့ချိန် အနီကတ်မပြပဲ အဝါကတ်ပဲ ပြခဲ့တဲ့ ကွင်းလယ်ဒိုင် ပေါလ်  တီယာနေးရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။ ၂ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ၂သင်းကြား ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပေမဲ့ ရောဘတ်ဆန်ကို ကစားပုံကြမ်းခဲ့တဲ့ ဟယ်ရီကိန်းသာ ထုတ်ပယ်ခံခဲ့ရရင် ရလဒ်က တစ်မျိုးဖြစ်သွားနိုင်တာပါ ဖြစ်ပါတယ်။

ကိန်းဟာ ရောဘတ်ဆန်ထံက ဘောလုံးကို ဖြတ်ထုတ်စဉ် ဘောလုံးမထိပဲ လူကို ထိသွားခဲ့ပေမဲ့ ကွင်းလယ်ဒိုင် ပေါလ် တီယာနေးကတော့ အဝါသာ ပြခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်အပေါ် နည်းပြ ကလော့ပ်လည်း ပေါက်ကွဲခဲ့ပေမဲ့ VAR ပြန်ကြည့်ချိန်မှာလည်း ဆုံးဖြတ်ချက် ပြောင်းလဲခဲ့ခြင်း မရှိပါဘူး။ ပွဲအပြီးမှာတော့ ကိန်းက ကွင်းထဲ ဆက်ရှိနေတာ ကံကောင်းတယ်ဆိုတဲ့  ပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။

ကိန်းက “ဖြတ်ထုတ်မှုက ကြမ်းတယ်လို့ ကျွန်တော်ထင်ခဲ့ပေမဲ့ ဘောလုံးရလိုက်ပါတယ်။ အဲ့ဒါကို ကျွန်တော် ပြန်မကြည့်ရသေးပါဘူး။ ထိပ်တန်အသင်းတွေနဲ့ ကစားတဲ့အခါ ရမှတ်အတွက် တိုက်ပွဲဝင်ပြီး တစ်ခါတစ်လေ ပြင်းထန်တဲ့ ဖြတ်ထုတ်မှုတွေ ပြုလုပ်ရပါတယ်။ သူတို့ ပြန်ကြည့်ခဲ့ပေမဲ့ အဝါကတ်ပဲ ဆက်ဆုံးဖြတ်တာကြောင့် ဆက်ကစားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်သားက ဒုတိယပိုင်းအတွင်း ထုတ်ပယ်ခံလိုက်ရတဲ့ ရောဘတ်ဆန်က အနီကတ်နဲ့ ပတ်သက်လို့ သဘောတူခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ကိန်းက “ကွင်းထဲမှာတုန်းက အနီကတ်က ထိုက်တန်တယ်လို့ မထင်ခဲ့ပါဘူ။ ရောဘတ်ဆန်ကတောင် မင်းငါ့ခြေထောက်ကိုပဲ ထိလိုက်တာပါ။ ပြစ်ဒဏ်ဘေ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။ တစ်ခါတစ်လေ ဘောလုံးမှာ အနှေးပြကွက်ကို ကြည့်လိုက်ရင် တကယ်ဖြစ်တာထက် ပိုဆိုးသွားတတ်ပါတယ်”

“အဲ့ဒါကြောင့် VARရှိနေတာ ဖြစ်ပြီး ပွဲအတွင်း ကောင်းကွက်တွေကို ရှာကာ ပွဲများတဲ့ ကာလအတွင်း ရှေ့ဆက်သွားနို်ငပါပြီ”လို ပြောခဲ့ပါတယ်။ လီဗာပူးကို သရေရလဒ်ရအောင် ကစားနိုင်ခဲ့ပေမဲ့ ၄နှစ်အတွင်း ပထမဆုံးအကြိမ် အနိုင်ကစားနိုင်ဖို့ နီးစပ်ခဲ့တာကြောင့် အဆိုပါရလဒ်နဲ့ ပတ်သက်ပြီး ကျေနပ်မနေဖို့ ကိန်းက ဆိုပါတယ်။

ကိန်းက “ဒီပွဲက ကစားလို့ကောင်းတဲ့ ပွဲကောင်း၁ပွဲဖြစ်ခဲ့ပြီး ကြည့်ကောင်းခဲ့မယ်ဆိုတာလည်း သေချာပါတယ်။ ၂ဖက်စလုံး အခွင့်အရေးတွေ အများကြီး ရခဲ့ပြီး ကျွန်တော်တို့လည်း အရိုးသားဆုံး ပြောရရင် အလွတ်ကြီး ရတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့သင့်ပါတယ်” “ခြုံပြောရရင်တော့ အသင်းကောင်း၁သင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲတဲ့ ပွဲစဉ်၁ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလိုပွဲတွေကို နိုင်သင့်ပေမဲ့ ခုတော့ နောက်ပွဲအတွက် ပြင်ဆင်ရပါမယ်”လို့ ပြောခဲ့ပါတယ်။

#တီယာေနး #ရော်ဘတ်ဆန် #ဟယ်ရီကိန်း