ရှေ့သို့
Image

အနီကတ်နဲ့ အထုတ်မခံရတာ ကံကောင်းခဲ့လို့ဖြစ်ကြောင်း ဂျင်မီရက်ပ်နက်နဲ့ နဗီးလ်တို့ အခိုင်အမာဆို

9:09 AM, 20 December

ဘောလုံးကျွမ်းကျင်သုံးသပ်သူ  ၂ ဦးဖြစ်တဲ့ ဂျင်မီရက်ပ်နက် နဲ့ ဂယ်ရီနဗီးလ်တို့က တော့တင်ဟမ်တိုက်စစ်မှူး ကိန်းတစ်ယောက် ဂိုးမသွင်းခင်မှာ ရောဘတ်ဆန်ကို ဖျက်ထုတ်ပုံကြမ်းခဲ့ပေမယ့် အနီကတ်မထိခဲ့တာဟာ ကံကောင်းလို့ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

တော့တင်ဟမ်ဟာ ပွဲကစားချိန် ၁၃ မိနစ်မှာ ဟယ်ရီကိန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ကာ ကလော့ပ်က ဟယ်ရီကိန်းပြစ်ဒဏ်ကျူးလွန်တာနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။
ကိန်းဟာ ကွင်းလယ်ဒိုင် ပေါလ်တီယာနေးရဲ့သက်ညှာခြင်းခံခဲ့ရပြီး အဝါကတ်သာထိခဲ့တာဖြစ်ပါတယ်။

နဗီးလ်က "ဟယ်ရီကိန်းက ဒီနေ့မှာ ကံကောင်းတဲ့ကောင်လေးပါ။ ဉာဏ်ပါတဲ့ဖျက်ထုတ်မှုတော့ မဟုတ်ခဲ့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။ အဲ့တာ အနီကတ်ပါ။ သူက မဆင်မခြင်နဲ့ ထိန်းချုပ်မှုလွတ်နေပါတယ်။ ပရိသတ်တွေကလည်း တောင်းဆိုခဲ့ကြပါတယ်။ အဲ့လိုမျိုးဖျက်ထုတ်မှုမျိုးက ကစားသမားအများစု အထုတ်ခံရကိန်းပါ။  ဒီနေ့မှာတော့ သူကံကောင်းခဲ့ပါတယ်"လို့ ရက်ပ်နက်က ပြောကြားခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေကလည်း ကိန်းရဲ့ဖျက်ထုတ်မှု အနီကတ်မထိတာကြောင့် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ပွဲအပြီးမှာ ကာရေဂါကလည်း အခုဖြစ်ရပ်ကို နားမလည်နိုင်ဖြစ်ရတယ်လို့ ဆိုခဲ့ကာ VAR မသုံးခဲ့တာကို ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းတိုက်စစ်မှူး ဂျိုတာရဲ့ပင်နယ်တီမရမှုကိုလည်း ကာရေဂါက ဝေဖန်ခဲ့ပါတယ်။ "ပြီးခဲ့တဲ့အပတ်တုန်းက ပင်နယ်တီ ၈ ကြိမ်တောင်ရှိခဲ့ပါတယ်။ အခုကတော့ ဘယ်လိုဖြစ်တာမသိပါဘူး"လို့  ကာရေဂါက ပြောကြားခဲ့ပါတယ်။

ကလော့ပ်ဟာ ကွင်းလယ်ဒိုင် တီယာနေးကို ဝေဖန်ခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရသေးတာဖြစ်ပါတယ်။ ရောဘတ်ဆန်ကတော့ အီမာဆင်ကို ပြစ်ဒဏ်ကျူးလွန်မှုပြင်းထန်ခဲ့တာကြောင့် VAR ကြည့်ပြီး အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

#လီဗာပူး #တော့တင်ဟမ် #ဂယ်ရီနဗီးလ် #ရက်ပ်နက်