ရှေ့သို့
Image

ဘယ်နောက်ခံလူနေရာအတွက် အေစီမီလန်စတား သီယိုဟာနန်ဒက်ဇ်ကို မျက်စိကျနေတဲ့ ချဲလ်ဆီး

2:28 PM, 19 December

ချဲလ်ဆီးအသင်းနည်းပြ တူချယ်က ဘယ်နောက်ခံလူနေရာအတွက် သီယိုဟာနန်ဒက်ဇ်ကို အီဘရာမိုဗစ်ထံ တောင်းဆိုထားတယ်လို့ သတင်းတွေက ဆိုပါတယ်။ ချဲလ်ဆီးဟာ ဘန်ချီဝဲလ်ဒဏ်ရာရရှိခဲ့တာကြောင့် ဘယ်နောက်ခံလူနေရာအတွက် အပူတပြင်းရှာဖွေဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

တူချယ်ရဲ့ချဲလ်ဆီးဟာ ကြာသပတေးညတုန်းက အဲဗာတန်ကို သရေသာကန်နိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် ထိခိုက်မှုတွေရှိလာကာာ တူချယ်က ဘန်ချီဝဲလ်ပြန်လာမယ့်ရက်ကိုစောင့်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုခဲ့ပါတယ်။ သတင်းတွေအရ ပီအက်စ်ဂျီနည်းပြဟောင်းဟာ အသင်းပိုင်ရှင် မိုဗစ်ထံ ဘယ်နောက်ခံလူနေရာအားဖြည့်ဖို့ တောင်းဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

တူချယ်ဟာ ဟာနန်ဒက်ဇ်ရဲ့စွမ်းဆောင်ရည်ကို သဘောကျနေပြီး ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူအဖြစ်သတ်မှတ်ခံထားရပါတယ်။ ရီးရဲလ်အသင်းမှာ နေရာမရခဲ့ပြီးနောက် ဟာနန်ဒက်ဇ်ဟာ  ၂၀၁၉ မှာ မီလန်ကိုရောက်လာခဲ့ကာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် ပြင်သစ်အသင်းက ခေါ်ယူခြင်းခံခဲ့ရပါတယ်။

#ချဲလ်ဆီး #အေစီမီလန် #ဟာနန်ဒက်ဇ်