ရှေ့သို့
Image

လူငယ်တွေ အစွမ်းဖြင့် အယ်လ်ချီကို အနိုင်ယူလိုက်တဲ့ ဘာကာ

11:34 AM, 19 December

ဘာစီလိုနာ ၃ - ၂ အယ်လ်ချီ
ဂျတ်ဂလာ ၁၆’   ဂါဗီ ၁၉’ နီကို ၈၅’
မိုရမ်တီ ၆၂’  မီလာ ၆၃’

ဘာကာဟာ ၂ဂိုးပြတ် အယ်လ်ချီကို ၂ဂိုးပြတ် ဦးဆောင်ထားပြီးမှ ၂ဂိုးပြန်ပေးခဲ့ရပြီး ပွဲပြီးခါနီးမှ လူငယ်ကစားသမား နီကိုရဲ့ ဂိုးကြောင့် ၃-၂ဂိုးဖြင့် အနိင်ရခဲ့ပါတယ်။ အသက်၂၂နှစ်သား တောင်ပံကစားသမား ဂျတ်ဂလာဟာ ပထမဆုံး ဘာကာအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ၁၆မိနစ်မှာတင် ဒမ်ဘီလီရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။

၃မိနစ်အကြာမှာတော့ လူငယ်ကြယ်ပွင့် ဂါဗီရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှု သွင်းဂိုးကို မြင်တွေ့ခဲ့ရပါတယ်။ တစ်ယောက်ကို လှည့်ထွက်ပြီး ဘောလုံးပြေးဆွဲကာ စည်းတွင်းမှာ ရှိတဲ့ တစ်ယောက်ကို ဖိန့်ပြီး လိမ်ခေါက်ကာ ဂိုးသမားရဲ့ ညာဘက်ထောင့်ကျဉ်းထဲ အနိမ့်ဘောကန်သွင်းခဲ့တာဟာ ငယ်ရွယ်တဲ့ မက်ဆီကို ပြန်မြင်ရသည့်အတိုင်း ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းက ဘာကာ လွှမ်းမိုးကစားနိုင်ခဲ့ပေမယ့် အယ်လ်ချီဘက်ကလည်း ၂၄မိနစ်မှာ အခွင့်အရေးတစ်ကြိမ် ရခဲ့ပြီး ဖရီးကစ်ကနေ ရိုကို ဘောလုံးထိန်းပြီး စည်းတွင်းထဲမှာ ကန်ပေမယ့် ဂိုးဘားပေါ် ကျော်တက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အယ်လ်ချီကစားသမား  မိုရမ်တီက လူကပ်ထားခြင်းမရှိတဲ့ အနေအထားကနေ စည်းတွင်းမှာ အပြင်းထောင့်ကျဉ်းထဲ ကန်ထည့်ခဲ့ပါတယ်။

အဲဒီနောက် မိနစ်ပိုင်းအကြာမှာဘဲ အယ်လ်ချီက နောက်တစ်ကြိမ် ဖြတ်တင်ဘောကတဆင့် မီလာ အပိုင်ခေါင်းတိုက်သွင်းယူကာ ချေပဂိုးရယူခဲ့ပါတယ်။ ၈၄မိနစ်မှာတော့ ဘာကာတို့အနိုင်ဂိုးရခဲ့ပြီး ဒီဂိုးကို ဂါဗီရဲ့ ပါးနပ်တဲ့ ဖြတ်ပေးမှုကနေ နီကိုက ထောင့်ကျဉ်းထဲ ကန်ထည့်ခဲ့တာ ဖြစ်ပါတယ်။

ဘာကာအတွက်တော့ ၃ပွဲမြောက်မှာ ပထမဆုံး နိုင်ပွဲပြန်ရခဲ့တာ ဖြစ်ပြီး အနိုင်ကြောင့် ဗလန်စီယာကို ကျော်ကာ အဆင့်၇နေရာကို တက်လာပါတယ်။ အယ်လ်ချီကတော့ အဆင့်၁၆နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #အယ်လ်ချီ