ရှေ့သို့
Image

ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည်စိန်ခေါ်နိုင်ဖို့ ဘယ်လင်ဂမ်ကို ယူနိုက်တက်အသင်း ခေါ်ယူသင့်

2:04 PM, 18 December

ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ပြန်လည်စိန်ခေါ်နိုင်ရေးအတွက် ဒေါ့မွန်လူငယ်ကြယ်ပွင့် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ လိုအပ်နေတယ်လို့ လီဗာပူးကွင်းလယ်လူဟောင်း စတိဗ်မက်မနာမန်က တိုက်တွန်းလိုက်ပါတယ်။

ဘယ်လင်ဂမ်ဟာ ၂၀၂၀ ဇူလိုင်လက ဘာမင်ဂမ်ကနေ ဒေါ့မွန်ကို ရောက်လာပြီးချိန်ကတည်းက အထူးခြေစွမ်းပြနေပြီး အသက် ၁၇ နှစ်အရွယ်မှာပဲ ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ သူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရသလို အသက် ၁၈ နှစ်အရွယ်လေးနဲ့ ဒေါ့မွန်အသင်းရဲ့အဓိကကွင်းလယ်လူဖြစ်နေရာ ဥရောပထိပ်တန်း ကလပ်တွေရဲ့ပစ်မှတ်ဖြစ်နေပါတယ်။

မက်မနာမန်က ယူနိုက်တက်အသင်းရဲ့လက်ရှိကွင်းလယ်လိုအပ်ချက်နဲ့ ပြိုင်ဘက် အသင်းကြီးတွေရဲ့ အနေအထားတွေကြောင့် ဘယ်လင်ဂမ်ကို ယူနိုက်တက်အသင်း လိုအပ်နေတာဖြစ်ကြောင်း ပြောပါတယ်။

''ဘယ်လင်ဂမ်က စူပါစတားတစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့အရည်အသွေးအားလုံး အပြည့်ရှိပါတယ်။ ယူနိုက်တက်အနေနဲ့ ဗဟိုကွင်းလယ်လူတစ်ယောက်အဖြစ် ဘယ်လင်ဂမ်ကို ခေါ်ယူသင့်ပါတယ်။ မန်စီးတီးမှာဆို ရိုဒရီနဲ့ ဂန်ဒိုဂန်တို့အပြင် ဘာနာဒိုဆေးလ်ဗားလည်း အဲဒီနေရာမှာ ကစားနိုင်စွမ်းရှိပါတယ်''

''လီဗာပူးမှာဆိုရင်လည်း ဟန်ဒါဆန်၊ ဖာဘင်ဟိုနဲ့ သီယာဂိုတို့ရှိပါတယ်။ ဘယ်လင်ဂမ်က ယူနိုက်တက်အတွက် ကြီးကျယ်တဲ့ခေါ်ယူမှုဖြစ်လာနိုင်ပေမယ့် လီဗာပူးကလည်း သူ့ကို ခေါ်ချင်နေပါတယ်။ ဟန်ဒါဆန်က ကစားသမားဘဝအဆုံးသတ်ပိုင်းရောက်လာတော့မှာဖြစ်သလို မီလ်နာကလည်း အတူတူပါပဲ''လို့ မက်မနာမန်က ပြောပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဒေါ့မွန် #အပြောင်းအရွှေ့ #မက်မနာမန် #ဘယ်လင်ဟမ်