ရှေ့သို့
Image

လီဝစ်ဟန်ဆေးရုံဝန်ထမ်းတွေကို ခရစ္စမတ်လက်ဆောင်စားစရာအထုတ်နဲ့ ချီးမြှင့်လိုက်တဲ့ အေဘရာဟမ်

1:39 PM, 18 December

ရိုးမားအသင်းတိုက်စစ်မှူး အေဘရာဟမ်ဟာ လန်ဒန်မှာရှိတဲ့ လီဝစ်ဟန်ဆေးရုံက ဝန်ထမ်းတွေ အတွက် စားစရာလက်ဆောင်ထုပ်တွေကို စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်သားဟာ ဆေးရုံဝန်ထမ်းတွေအတွက် စိတ်ဓာတ်ပိုင်းကို ချီးမြှောက်ပေးခဲ့တာဖြစ်ပါတယ်။

ဝန်ထမ်းတွေကတော့ သောကြာနေ့က အခုလိုလက်ဆောင်ထုပ်ရရှိတာနဲ့ပတ်သက်ပြီး ပျော်ရွှင်နေကြပါတယ်။ စိတ်ပိုင်းဆိုင်ရာသူနာပြု လူဆီယူကီကူက အင်္ဂလန်သားကို ကျေးဇူးမတင်ခင် တွစ်တာမှာ စားစရာလက်ဆောင်ခြင်းကို တင်ခဲ့တာဖြစ်ပါတယ်။

"ကျေးဇူးတင်ပါတယ် အေဘရာဟမ်ရေ... အခုလိုလက်ဆောင်ပေးခဲ့တဲ့အတွက် အရမ်းအံ့သြရပါတယ်"လို့ လူဆီက ပြောကြားခဲ့ပါတယ်။

အေဘရာဟမ်ကလည်း အခုလိုဝမ်းသာကျလို့ ကျေနပ်မိပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီး ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ချဲလ်ဆီးကနေ ရိုးမားကိုပြောင်းရွှေ့ခဲ့ကာ ၁၆ ပွဲမှာ ၄ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားဟာ တူချယ်ရောက်လာပြီးနောက် ချဲလ်ဆီးအသင်းမှာ နေရာမရတော့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ သူတို့အကယ်ဒမီထွက်ကစားသမားကို ပေါင် ၆၈ သန်းနဲ့ ပြန်လည်ခေါ်ယူခွင့်ထည့်ထားခဲ့ပါတယ်။

#စီးရီးအေ #ရိုးမား #အေဘရာဟမ်