ရှေ့သို့
Image

ဝီရှိုင်းယားက အာဆင်နယ်မှာ ဆက်လက်လေ့ကျင့်နေပြီး ပရီးမီးယားလိဂ်မှာ ၁၀၀ % ကစားနိုင်ပါတယ်လို့ ဆိုလိုက်တဲ့ အာတီတာ

8:29 AM, 18 December

အာဆင်နယ်အသင်းနှင့် စာချုပ်ချုပ်ဆိုဖို့အတွက်ကို ငြင်းဆိုထားတုန်းဖြစ်သော်လည်း ဝီရှိုင်းယားက ပရီးမီးယားလိဂ်မှာ ကစားနိုင်နေတုန်း ဖြစ်ပါတယ်လို့ အာတီတာက ရာနှုန်းပြည့် ယုံကြည်နေပါတယ်။

ဘုန်းမောက်နေ ထွက်ခွာခဲ့ပြီးနောက် Free Agent ဖြစ်နေတဲ့ ဂန်းနားအကယ်ဒမီထွက်ကစားသမားဟာ အာဆင်နယ် မှာ ဆက်လက်လေ့ကျင့်နေတာ ဖြစ်ပါတယ်။

ဝီရှိုင်းယားဟာ ဒဏ်ရာရရှိခဲ့တဲ့အချိန်တွေကို အံ့တုကာ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အဲ့ဒီအတွက်ကြောင့် ကလပ်လက်မဲ့ ဖြစ်ခဲ့ရကာ အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၃၄ ပွဲအထိ ကစားပေး ထားတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ကွင်းလယ်မှာ ဝီရှိုင်းယားနှင့်အတူ တွဲဖက်ကစားခဲ့ဖူးတဲ့ အာတီတာက “ ပထမဆုံးအနေနဲ့ ကျွန်တော်တို့နားမှာ သူရှိနေတာက ကောင်းပါတယ်။ သူဟာ ကလပ်ကို ထူးခြားတဲ့ခံယူချက်တွေကို ပေးနိုင်တဲ့ စရိုက် လက္ခဏာရှိတဲ့သူပါ။ နေ့တိုင်းလာပြီး ပြုံပျော်ရွင်နေကာ အကောင်းဆုံး လုပ်ဆောင်နေတာပါ ”

“ သူ့ရဲ့အရည်အချင်းက မေးခွန်းထုတ်စရာ မလိုပါဘူး။ လေ့ကျင့်ရေးမှာ သူ့ကိုကြည့်လိုက်မယ်ဆိုရင် သူကအကောင်းဆုံး ဖြစ်မယ်လို့ ပြောကြမယ်လို့ ကျွန်တော်ထင်ပါတယ် ”

“ အခုတော့ သူကနည်းပြဖို့အတွက်ပါ လုပ်ဆောင်နေပြီး ဒါဟာလည်း သူ့ရဲ့နောက်ထပ် ခြေလှမ်းတစ်ခုပဲဖြစ်ကာ ကျွန်တော်တို့က အဲ့ဒီအတွက် ထောက်ပံ့မှုတွေ ပေးရမှာပါ ” လို့ ပြောပါတယ်။

၂၀၁၈ခုနှစ်မှာအာဆင်နယ်ကနေ ဝက်စ်ဟမ်းသို့ ပြောင်းရွေ့သွားခဲ့တဲ့ ကစားသမားအတွက် အာတီတာက “ သူ့မှာ သံသယဖြစ်နေတယ်ဆိုရင်လည်း ကျွန်တော်ကတော့ ၁၀၀ % လို့ ကျွန်တော်ပြောနိုင်ပါတယ် ” လို့ ပြောပါတယ်။

အင်္ဂလန်သားက အာဆင်နယ်က အထင်ကြီးဖွယ်ဖြစ်အောင်လုပ်ဆောင်နေသော်လည်း သူ့ရဲ့အသင်းဖော်ဟောင်း ကို ပြန်ခေါ်ယူဖို့ရှိသလားလို့ မေးရာတွင် အာတီတာက “ ဒါက ခက်ခဲတဲ့ အကြောင်းအရာပါ ” လို့ ပြန်လည်ဖြေကြား ခဲ့ပါတယ်။

ဝီရှိုင်းယားက အာဆင်နယ်အသင်းရဲ့လေ့ကျင့်ရေးမှာ အကောင်းဆုံးပုံစံ ရှိနေသော်လည်း သူဟာ မေလကတည်းက ပွဲတွေမှာ မကစားခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ကိစ္စတွေကို နောက်မှာထားခဲ့ပါပြီလို့ ပြောဆိုထားသော်လည်း သူ့ရဲ့ကြံ့ခိုင်မှုနှင့်ပတ်သက်ပြီး မေးခွန်း တော်တော်များများကို သက်သေပြရအုံးမှာ ဖြစ်ပါတယ်။

အမ်မရိတ်မှာ နေရာရရှိဖို့အတွက်ဆိုရင် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အသင်းရဲ့ကွင်းလယ်မှာလည်း အာတီတာအတွက် ကစားသမားတွေက အသင့်ရှိနေတာ ဖြစ်ပါတယ်။

သူ့မှာ ပါတေး၊ လိုကွန်ဂါနှင့် အယ်နီနီတို့လို့ ကစားသမားတွေရှိနေပြီး စမစ်ရိုဝီနဲ့ အိုဒီဂတ်တိုကလည်း အကောင်းဆုံး ဖန်တီးမှုတွေလုပ်ပေးနိုင်နေတာ ဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ဂျက်ဝီလ်ရှီးယား