ရှေ့သို့
Image

ဝုဖ်ဘတ်ကို နိုင်တဲ့ပွဲမှာ နောက်ထပ်ဘွန်ဒက်စ်လီဂါ စံချိန်တစ်ခုကို ချိုးဖျက်လိုက်ပြန်တဲ့ လီဝမ်ဒေါ့စကီး

8:18 AM, 18 December

ရော်ဘတ် လီဝမ်ဒေါ့စကီးရဲ့ ခြေစွမ်းတွေကတော့ ၂၀၂၁မှာတော့ အတောမသတ် ကုန်ဆုံးသွားခြင်း မရှိသေးပါဘူး။ အသက်၃၃နှစ်အရွယ် တိုက်စစ်မှူးဟာ သောကြာညမှာ အလီယန်ဇ်ကွင်းတွင် ကစားတဲ့ ဝုဖ်ဘတ်ကို ၄ဂိုးပြတ် နိုင်တဲ့ပွဲမှာ စံချိန်တစ်ခုကို ထပ်မံချိုးဖျက် သွားခဲ့ပါတယ်။

သူရဲ့ ၈၇မိနစ်မှာ အနီးကပ်မြေမကျကန်ချက် သွင်းဂိုးဟာ ၂၀၂၁အတွင်း ၄၃ဂိုးမြောက်ဖြစ်လာခဲ့ပြီး ပြက္ခဒိန်တစ်နှစ်အတွင်း  ဘွန်ဒက်စ်လီဂါသွင်းဂိုးအများဆုံး စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။

အဆိုပါစံချိန်ကတော့ ပြီးခဲ့တဲ့ ၄၉နှစ်အတွင်း ဘယ်သူမှ လိုက်မမီထားခဲ့တဲ့ ပြက္ခဒိန်တစ်နှစ်အတွင်း ဂတ်မူလာရဲ့ ၄၂ဂိုး စံချိန်ကို လီဝမ်ဒေါ့စကီးဟာ ၄၃ဂိုးဖြင့် ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဝုဖ်ဘတ်ကို အနိုင်ရတဲ့အတွက် ဒုတိယနေရာက ဒေါ့မွန်ကို ၉မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါပွဲတွင် ဝါရင့်ကစားသမား မူလာက ဘိုင်ယန်အတွက် ပွဲ၄၀၀မြောက်ကို ကစားပေးခဲ့ပြီး ၎င်းကိုယ်တိုင် အသင်းအတွက် ဂိုးသွင်းပေးဖို့ ၇မိနစ်သာ စောင့်ဆိုင်းလိုက်ရပါတယ်။ ထိုဂိုးကို ဂနာဘရီရဲ့ ကန်ချက် ပြန်အံ့ထွက်လာတာကို ၈ကိုက်အနီးကပ်ကနေ မူလာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဝုဖ်ဘတ်က ချေပဂိုးပြန်ရရန် နီးစပ်ခဲ့ပြီး ဘိုင်ယန်ခံစစ်လိုင်း ရှေ့တက်ဆော့နေတာကို အခွင့်ကောင်းယူကာ  ဝက်ဟော့စ်က လူကျွံအနေအထားကို ဖောက်ကာ ကန်သွင်းပေမယ့် ဂိုးသမားနူအာ တားဆီးကာကွယ်ခဲ့ပါတယ်။ ဝက်ဟော့စ်ဟာ နောက်တစ်ကြိမ်  ဂါဟာ့တ်ရဲ့ ဖြတ်တင်ဘောကနေ အနီးကပ် ကန်သွင်းချက်ရပေမယ့် လွဲချော်ခဲ့ပါတယ်။

ဒုတိယဂိုးကို ဒုတိယပိုင်း ၅၇မိနစ်တွင် ရရှိခဲ့ပြီး ဆာနေး၊ မူလာအတွဲကနေ မူလာက အနီးကပ်မတင်ပေးမှုကနေ နောက်ခံလူ အူပါမီကာနိုက ခေါင်းတိုက်သွင်းယူကာ ကလပ်အတွက် ပထမဆုံးဂိုးကို ရယူပေးခဲ့ပါတယ်။

နောက်ထပ် မိနစ်ပိုင်းအကြာမှာဘဲ ဆာနေးက စည်းထိပ်ကနေ သူရဲ့ ဘယ်ခြေဖြင့် လှပစွာ ထောင့်ကျဉ်းထဲ ကန်သွင်းယူခဲ့ပါတယ်။ ထိုနောက်မှာ လီဝမ်ဒေါ့စကီးအနေဖြင့် အကြိမ်ကြိမ် ဂနာဘရီရဲ့ ဖန်တီးပေးမှု ၂ကြိမ်ကနေ ကန်သွင်းခွင့်ရပေမယ့် ဂိုးကံခေ နေခဲ့ပါတယ်။ သို့ပေမယ့်လည်း ပွဲပြီးခါနီး ၈၇မိနစ်မှာတော့ မူစလီယာရဲ့ ခေါင်းတိုက်ချပေးမှုကနေ လီဝမ်ဒေါ့စကီးက အနီးကပ်ပိတ်သွင်းကာ ပြက္ခဒိန်တစ်နှစ်အတွင်း ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၄၃ဂိုး ရကာ ဂိုးသွင်းအများဆုံးသူအဖြစ် စံချိန်ချိုးဖျက်ခဲ့ပါတယ်။


#ဝုဖ်ဘတ် #လီဝန်ဒေါ့စကီး #ဘိုင်ယန်မြူးနစ်