ရှေ့သို့
Image

PCR test မှာ ကိုဗစ် negative အဖြေထွက်ပြီးနောက် နယူးကာဆယ်နှင့်ပွဲကို ဂွါဒီယိုလာ ကိုင်တွယ်သွားမည်ဖြစ်

7:41 AM, 18 December

သောကြာနေ့မှာ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ ကိုဗစ်ပိုးရှိနိုင်တဲ့ စိုးရိမ်ရမှုကြောင့် နယူးကာဆယ်နဲ့ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ပေမယ့် အဖြေရလဒ်တွင် negative ထွက်ခဲ့ပြီးနောက် စိတ်အေးသွားရပြီ ဖြစ်ပါတယ်။

တပည့်ဟောင်း ဆာဂျီယို အဂူရိုရဲ့ အနားယူမှု ကြေညာချက်ပွဲအား တက်ရောက်ရန် ဂွါဒီယိုလာဟာ ဘာစီလိုနာမြို့သို့သွားရောက်ခဲ့တာဖြစ်ပြီး ပြန်လာရာတွင် ကိုဗစ်စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ အဲဒီနောက်တော့ မီဒီယာတွေနဲ့ပွဲကြိုတွေ့ဆုံမှုကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ဆေးမှုအဖြေရလဒ်အရ အသက်၅၀အရွယ်နည်းပြဟာ ကိုဗစ်ပိုးမတွေ့ခဲ့တာကြောင့် စိန့်ဂျိမ်းပါ့ခ်မှာ ကစားမယ့် ပွဲအား ဆက်လက် ကိုင်တွယ်သွားမည်ဟု အသိပေးခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့မိခင် ဒိုလာဆာလာဟာ ကိုဗစ်အစောပိုင်းပျံနှံမှုတွင် ရောဂါပိုးကြောင့် သေဆုံးခဲ့သူ တစ်ဦးဖြစ်ပြီး စပိန်သားနည်းပြကိုယ်တိုင်က ကစားသမားတွေနှင့် ကျန်သူတွေကို ဆေးထိုးဖို့တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။

နယူးကာဆယ်နဲ့မကစားမီ သူရဲ့ ကစားသမားတွေကို အသင်းရဲ့ ကောင်းမွန်နေတဲ့ ခြေစွမ်းအား ဆက်ထိန်းရန် တိုက်တွန်းခဲ့ပါတယ်။

“အားလုံးက ကြံခိုင်မှုရှိတယ် ဖာရန်တောရက်စ်ဘဲ လွဲချော်မှာပါ ကန်ဆယ်လိုက လိဒ်စ်နဲ့ပွဲမှာ ပွဲပယ်ပြည့်ပြီးနောက် ပြန်လာပါမယ် နယူးကာဆယ်ကို အဆင့်သင့် ဖြစ်နေတဲ့ အားလုံးနဲ့အတူ သွားရောက်ကစားပါမယ်။

နယူးကာဆယ်ကို သွားကစားတာက မလွယ်ပါဘူး ကျွန်တော်တို့လိုအပ်တဲ့ရလဒ် ရဖို့တစ်သင်းလုံးကို လိုအပ်ပါတယ် ရမှတ်ရဖို့ ကျွန်တော်တို့အသင်း လုံလောက်တဲ့ သန်မာမှု ရှိမယ်လို့ မျှော်လင့်ပါတယ်။

နယူးကာဆယ်က ခက်ခဲမယ့် ပြိုင်ဘက်ပါ လူတွေက ကျွန်တော်တို့ရောက်နေတဲ့ အမှတ်ပေးဇယားနဲ့သူတို့ရောက်နေတဲ့ အမှတ်ပေးဇယားကို ပြောကြပါတယ်။ ဒါပေမဲ့ နယူးကာဆယ်ကို သွားရောက်တဲ့အခါ ဘယ်လိုပွဲမျိုး ဖြစ်လာမလဲ သင်သိပါတယ်။ အခု သူတို့မှာ အက်ဒီလို နည်းပြသစ်တစ်ဦး ရှိတယ် သူက ဘယ်လောက်တော်တဲ့ မန်နေဂျာဆိုတာ ကျွန်တော်တို့သိကြပါတယ်။ သူတို့ကွင်းရှိ ပရိသတ်တွေကလည်း နောက်မှာ ရှိနေတယ် သူတို့အဆင်သင့် ဖြစ်နေမှာပါ။ ကျွန်တော်တို့အကောင်းဆုံးခြေစွမ်း မဟုတ်ရင် သူတို့က နာကျင်အောင် လုပ်နိုင်စွမ်း အပြည့်ရှိပါတယ်။

အရေးကြီးဆုံးကတော့ လာမယ့်ပွဲပါပဲ ပြီးတော့ နောက်ထပ်ပွဲတွေပေါ့။ ကျွန်တော်တို့နောက်မှာကျန်ခဲ့တာတွေကို သိပ်ပြီး မကြည့်ပါဘူး။ အဲဒီလိုလုပ်မယ်ဆိုရင် အာရုံစူးစိုက်မှု ပျောက်သွားမှာပါ။ နောက်ဆုံးရလဒ်ကို မကြည့််တာက အရေးကြီးပါတယ်။ ကျွနတော်တို့သွားမယ့်ပွဲကိုဘဲ တွေးရမှာပါ ခုကောင်းစွာ ကစားနေတယ်  လိုချင်တဲ့အတိုင်း ရလဒ်တွေရနေတယ် ဒါပေမဲ့ ဒီအခြေအနေနဲ့ဆက်ကစားရမှာပါ

ပွဲတွေ နိုင်ဖို့ဂိုးတွေသွင်းဖို့လိုအပ်ပါတယ် ဒါက လျိုဝှက်ချက် မရှိပါဘူး။ ကျွန်တော်တို့မတူညီတဲ့ နည်းလမ်းတွေကနေ မတူညီတဲ့ ဂိုေးတွ သွင်းနိုင်ဖို့ကြိုးစားရမှာပါ အင်္ဂါပွဲက ဥပမာကောင်းပါပဲ။”

ဟု ပြောကြားသွားခဲ့ပါတယ်။

ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် ယခုတစ်ပတ်ကစားမယ့် ပွဲတွေထဲကမှ ၅ပွဲသာ ကစားနိုင်မယ့်အပေါ် ဂွါဒီယိုလာက 

“ကျွန်တော် အာရုံစိုက်ထားပါတယ် ကျွန်တော်တို့လိဂ်ကို နားလိုက်တာ ပွဲတွေ ဖျက်သိမ်းမှာကြောင့် မဟုတ်ပါဘူး ဒါပေမဲ့ လူအသိုင်းအဝိုင်းမှာက ဗိုင်းရပ်စ်က ဒီကို ရောက်လာပြီ။ လူတွေလည်း ခံစားနေရတယ် ဒီမှာ ရှိတဲ့ တစ်ချို့လူတွေဆို ကူးစက်ကုန်ကြပြီ။ နေ့တိုင်းနီးပါ ကစားသမားတွေနဲ့စကားပြောဖြစ်တယ် သူတို့ကို ဂရုစိုက်ခိုင်းတယ် လုံခြုံစွာနေပါ ကျန်းမာအောင်နေပါ မျက်နှာဝတ်တပ်ပါ။ လူတွေနဲ့သီးခြားနေပါ လို့ပြောထားပါတယ်။”

ဟု ပြောကြားသွားခဲ့ပါတယ်။

လက်ရှိအနေအထားအထိ ပွဲရွှေ့ဆိုင်းထားတာ ၉ပွဲအထိ ရှိလာပြီဖြစ်ပြီး ပရီးမီးယားလိဂ်ဟာ လာမယ့်တနင်္လာတွင် အားလုံးက ပွဲစဉ်တွေကို ခတ္တရပ်နားဖို့စည်းရုံးနေမှုနှင့်အတူ ဆွေးနွေးမှုလုပ်သွားမည် ဖြစ်သည်။


#မန်စီးတီး #နယူးကာဆယ် #ဂွါဒီယိုလာ