ရှေ့သို့
Image

ချဲလ်ဆီးအသင်းရဲ့ လူကာကူ၊ အိုဒွိုင်း၊ ဝါနာ၊ ချီဝဲလ်တို့မှာ ကိုဗစ်ပိုးတွေ့

8:05 AM, 17 December

အဲဗာတန်နဲ့ မကန်မီမှာဘဲ ချဲလ်ဆီးကစားသမား ၄ယောက်ဖြစ်တဲ့ လူကာကူ၊ ဝါနာ၊ အိုဒွိုင်း၊ ချီဝဲလ်တို့တွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ရပါတယ်။

လူကာကူ၊ ဝါနာ၊ အိုဒွိုင်းတို့ဟာ ကိုဗစ်စစ်ဆေးရာတွင် ပိုးရှိကြောင်း တွေ့ခဲ့ရတာကြောင့် အဲဗာတန်နဲ့သရေကျတဲ့ ပွဲမှာ အသင်းလူစာရင်းတွင် ချန်လှပ်ခဲ့ရပါတယ်။

အလားတူ ဒဏ်ရာရနေတဲ့ နောက်ခံလူ ဘန်ချီဝဲလ်ပါ ကိုဗစ်ပိုးရှိကြောင်း အဖြေထွက်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းမှာ ကွင်းလယ်လူ ကိုဗာဆစ်ကလည်း ကိုဗစ်ကြောင့် သီးခြားနေနေရပြီး နည်းပြတူချယ်ရဲ့ လူအင်အားကို လျော့နည်းစေခဲ့ပါတယ်။

ကြယ်ပွင့်ကစားသမား ကိုင်ဟားဗက်ဇ်ကလည်း အသင်းရဲ့ လူစာရင်းမှာ မပါခဲ့ဘဲ စစ်ဆေးချက်တွင် သံသယရှိနေတာကြောင့် အဖြေရလဒ်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်တွင် ကစားသမားများ ကိုဗစ်ပိုး တွေ့ရှိမှုကြောင့် ပွဲတွေ ဖျက်သိမ်းရတာ စိပ်လာပါတယ်။

တူချယ်က အဆိုပါအခြေအနေနဲ့ပတ်သက်ပြီး ပြောရာမှာ "ကိုင်ဟားဗက်ဇ်ကလွဲရင် ကျွန်တော်တို့မှာ ပိုးတွေ့ထားတဲ့ အဖြေတွေ ရှိပါတယ် ကိုင်ကလည်း နေမကောင်းပါဘူး ရလဒ်ကို စောင့်နေရဆဲပါ။ ဒီနေ့နေ့လည် ရောက်ချိန်မှာဆိုရင် ကျွန်တော်တို့ရွေးချယ်ထားတဲ့ လူစာရင်းကနေ စစ်ဆေးချက်တွေ ထပ်လုပ်ရပါတယ်။ "

ဟု ပြောကြားခဲ့သည်။

ချဲလ်ဆီးအမျိုးသမီးအသင်းကလည်း ကိုဗစ်ရိုက်ခတ်မှု ရှိနေပြီး  ဘာဂါ၊ ဒရူးတို့ ပိုးတွေ့ခဲ့တာကြောင့် ဝုဖ်ဘတ်နဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

ယခုတစ်ပတ်အတွင်းမှာပင် ဆောက်သမ်တန်နှင့် ဘရန့်ဖို့ဒ်၊ ဝက်ဖို့ဒ်နှင့် ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်းနှင့် နောဝစ်ချ်၊ အဲဗာတန်နှင့်လက်စတာ အစရှိတဲ့ ပရီးမီးယားလိဂ်ပွဲတွေ ရွှေ့ဆိုင်းထားရပါတယ်။

စနေနေ့မှာ ဘရိုက်တန်နဲ့ ရင်ဆိုင်မယ့် မန်ချက်စတာယူနိုက်တက်ဟာလည်း ပွဲကစားနိုင်မယ့် ကစားသမား ၇ယောက်သာ ရှိတာကြောင့် ယနေ့အစောပိုင်းကတည်းက ပွဲကို ရွှေ့လိုက်ရပါတယ်။

အင်္ဂါညက ကျင်းပရမယ့် ဘရန့်ဖို့ဒ်နှင့် မန်ချက်စတာယူနိုက်တက်ပွဲဟာလည်း နှစ်သစ်အထိ ရွှေ့ခဲ့ရပါတယ်။

ဒါတင်မကသေးပါဘူး ဗုဒ္စဟူးနေ့မှာ ကစားမယ့် ဘန်လေနှင့် ဝက်ဖို့ဒ်ပွဲတွင် ဝက်ဖို့ဒ်အသင်းက ကစားသမားများ ကိုဗစ်ပိုးတွေ့ကြလို့ ပွဲပျက်ခဲ့ပါတယ်။ ကြာသပတေးည ကန်မယ့် လက်စတာနဲ့ တော့တင်ဟမ်ပွဲမှာလည်း နှစ်သင်းလုံးက ကိုဗစ်ပိုးတွေ တွေ့လာကြတာမို့ ပွဲရွှေ့ဆိုင်းထားရပြီ ဖြစ်ကာ လက်စတာအသင်းကလည်း လေ့ကျင်ရေးကွင်းကိုတောင် ပိတ်ထားရပြီလို့ အတည်ပြုထားပါတယ်။

အခြေအနေတွေက တဖြည်းဖြည်းဆိုးရွားတာမို့ ပရီးမီးယားလိဂ်ဟာ လိဂ်မန်နေဂျာများအဖွဲ့အစည်းနှင့် နေ့စဉ် တိုက်ရိုက်စကားပြောဆိုမှုတွေ လုပ်နေရပါတယ်။ အိုမီခရွန်ပိုးဟာ ယူကေမှာ တနေ့တခြား ပျံ့နှံမှုနူန်း မြင့်တက်လာပြီး ဗုဒ္စဟူးနေ့မှာတင်  လူပေါင်း ၇၈၆၁၀ဦး positive ထွက်ခဲ့တယ်လို့ သိရပြီး ကိုဗစ်ပိုးတွေ့မှု အမြင့်ဆုံး ရက်တစ်ရက်ဖြစ်တယ်လို့ ဆိုပါတယ်။


#ချဲလ်ဆီး #ဟားဗက်ဇ် #အိုဒွိုင်း #လူကာကူ #ဝါနာ #ဘန်ချီဝဲလ်