ရှေ့သို့
Image

နည်းပြရန်နစ်ရဲ့ အဆက်အသွယ်နဲ့ ထိပ်တန်းခံစစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ဖွယ်ရှိတဲ့ ယူနိုက်တက်

4:36 PM, 16 December

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရာ့ဖ်ရန်နစ်ဟာ လာမယ့်နွေရာသီမှာ ခံစစ်မှူးအန်တိုနီယိုရူဒီဂါကို အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူနိုင်မယ့် အဓိကသော့ချက် ဖြစ်လာနိုင်ပါတယ်။ ချဲလ်ဆီးခံစစ်မှူးရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၂ မှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ရူဒီဂါကို ခေါ်ယူချင်တဲ့ အသင်းတွေထဲ ယူနိုက်တက်လည်း ပါဝင်လာခဲ့ပါတယ်။

၆၃ နှစ်အရွယ် နည်းပြကြီးဟာ ရူဒီဂါရဲ့အေးဂျင့်ဖြစ်တဲ့ အကိုဝမ်းကွဲ ဆာဟာဆီနီဆီနဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။ ဆီနီဆီက ညီဝမ်းကွဲနဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ကို ဖြစ်မြောက်စေချင်နေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီနည်းပြတူချယ်ကတော့ ဇန်နဝါရီမှာ အသင်းကိုစတင်ရောက်ရှိကတည်းက ရူဒီဂါကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်  ဂျာမနီလက်ရွေးစင်ဟာ လက်ရှိချဲလ်ဆီးမှာ ရရှိနေတဲ့ တစ်ပတ်ပေါင် ၁၆၀၀၀၀ ထက် ပိုတဲ့လစာပမာဏကို တောင်းဆိုထားပါတယ်။ ရူဒီဂါလိုချင်တဲ့ လစာမျိုးကတော့ တစ်ပတ်ကို ပေါင် ၂၃၀၀၀၀ ကနေ ၂၉၀၀၀၀ ကြားဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ကလည်း ၂၈ နှစ်အရွယ် နောက်ခံလူကို စိတ်ဝင်စားနေကြပါတယ်။

ရူဒီဂါကိုယ်တိုင် မကြာသေးမီကမှ နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားတဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ ရူဒီဂါက “ဟုတ်တယ်( အသင်းကထွက်နိုင်ခြေရှိ)၊ ကျွန်တော့်အခြေအနေက အဲ့ဒီလိုဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်အသင်းအတွက်လည်း ကြိုးစားကစားနေတယ်။ ဒါပေမယ့် ဆောင်းရာသီမှာတော့ ထွက်ဖို့အခွင့်အရေး နည်းပါတယ်။ နွေရာသီကတော့ ပိုပြီးအခြေအနေကောင်းတယ်။ ဒါပေမယ့် သောမတ်စ်တူချယ်ကလည်း ကျွန်တော့်ကို ဆွေးနွေးထားပါတယ်၊ နောက်ထပ်တံခါးသစ်ကို ဖွင့်ထားပြီး ကျွန်တော့်ကို အသင်းမှာ ဆက်နေဖို့ အရေးပါတဲ့နေရာက ပါဝင်ဆွေးနွေးနေပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

ရူဒီဂါဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၁၅ ပွဲကစားထားပြီး အဆင့် ၃ နေရာက ချဲလ်ဆီးအတွက် သွင်းဂိုး ၂ ဂိုးလည်း သွင်းယူထားပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ခံစစ်မှာ သီယာဂိုဆေးလ်ဗား၊ အန်ဒရေးခရစ္စတန်ဆန်နဲ့ ဆီဇာအက်ဇ်ပီလီကျူတာတို့ရှိနေပြီး ၃ ယောက်လုံးရဲ့ စာချုပ်က နောက်ဆုံး ၆ လထဲကိုရောက်ရှိနေကြပါတယ်။ ဆေးလ်ဗားနဲ့ ခရစ္စတန်ယန်ဆန်ကတော့ စာချုပ်သစ်ချုပ်ဖို့ များပေမယ့် အသင်းခေါင်းဆောင် အက်ဇ်ပီလီကျူတာရဲ့ အနာဂတ်ကတော့ မသေချာသေးပါဘူး။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်