ရှေ့သို့
Image

ကိုဗစ်ကြောင့် နောက်တစ်ကြိမ် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ထပ်နားရနိုင်တယ်လို့ ဂရေတာပေါ်တာ ယုံကြည်နေ

2:28 PM, 16 December

လက်ရှိတွင် ကစားသမားအများအပြားထံ ကိုဗစ်ကူးစက်လာတာကြောင့် ပွဲစဉ်တစ်ချို့ရွှေ့ဆိုင်းနေရပြီး ပရီးမီးယားလိဂ်လည်း ပြိုင်ပွဲကို ဆက်လက်ကျင်းပနိုင်ရန် အခက်အခဲရှိလာမည်ဟု ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာက ယုံကြည်လျက် ရှိပါတယ်။ အလားတူ ဗုဒ္စဟူးညနေခင်းက ဝုဗ်ကို ၁-ဝဂိုးဖြင့် ရှုံးတဲ့ပွဲမတိုင်မီ အသင်းမှာ ကိုဗစ်နှင့် ဒဏ်ရာရကစားသမားတွေ များပြားနေတာကြောင့် တာဝန်ရှိသူတွေထံ ပွဲရွှေ့ဆိုင်းဖို့တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ဂရေဟမ်ပေါ်တာက ပြောပါတယ်။

ဘရိုက်တန်အသင်းဟာ အဓိကစားသမားအများစု မပါဘဲ ဝုဗ်ကို ဧည်ခံကစားခဲ့ရပြီး အသင်းရဲ့ ဂိုးရရှိမှုမှာ အားကိုးရတဲ့ တိုက်စစ်မှူး မော်ပေးနှင့် ပါစကယ်ဂရော့စ်တို့လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တော့တင်ဟမ်အသင်းအတွင် ကိုဗစ်ဖြစ်မှု တိုးပွားလာတာကြောင့် ဘရိုက်တန်နဲ့ပွဲကို ရွှေ့ဆိုင်းထားရပြီး ဘရန်ဖို့ဒ် နှင့် မန်ချက်စတာယူနိုက်တက်၊ ဘန်လေနှင့် ဘရန့်ဖို့ဒ်ပွဲတွေကလည်း အင်္ဂါနှင့် ဗုဒ္စဟူးနေ့တွေမှာ အလားတူ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာလို့ပွဲရွှေ့ဆိုင်းထားရပါတယ်။

“ကျွန်တော်တို့အသင်းရဲ့ အခြေအနေကြောင့် တောင်းဆိုမှု လုပ်ခဲ့ပါတယ်။ အသင်းကို ပြင်ဆင်မှု ပွဲအတွက်ပြင်ဆင်မှုတွေကြောင့် ဒီလိုပယ်ချရမှုအပေါ် ဝမ်းနည်းဖို့အချိန်တောင် မရှိပါဘူး။  အားလုံးက အကောင်းဆုံးသောရည်ရွယ်ချက်တွေနဲ့လုပ်ဆောင်နေကြသည်ဟု ထင်မြင်ရမှာပါ။ ဒါနဲ့ပတ်သက်လို့စိတ်ပျက်စရာ ဖြစ်လာပါတယ်။ ဒီအခြေအနေက ရိုးစင်းမှု  ပိုရှိရင် သိပ်ကောင်းမှာပါ ဒါပေမဲ့ တစ်ချိန်တည်းမှာ သင်ပြောနေတဲ့ ဆေးအချက်အလက်တွေက ဘယ်လောက်ထိ ပွင့်လင်းမှု ရှိနိုင်မလဲဆိုတာ ကျွန်တော်မသိပါဘူး”

 ခု ကျွန်တော်တို့ရောက်နေတဲ့ လမ်းကြောင်း ပြောရရင် ဒီအခြေအနေအတိုင်း ကျွန်တော်တို့ဘယ်လောက်ကြာကြာ ဆက်သွားနိုင်မလဲဆိုတာ သေချာမပြောနိုင်ပါဘူး။ ကျွန်တော်တို့အားလုံးက ဘောလုံးကို ဆက်ကစားချင်ကြသူတွေ အကောင်းဆုံးဖြစ်အောင် လုပ်ချင်ကြသူတွေချည်းပါ။ ဒါပေမဲ့ ကျန်းမာရေးက အရေးကြီးဆုံးဆိုတာ အထင်အရှားပါပဲ။

“ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ်ပြဿနာကိုယ်ရှိပါတယ် ဒီတစ်ပတ်မှာ ကျွန်တော်တို့ လျင်မြန်လွန်းလှတဲ့ ရောဂါရဲ့ သက်ရောက်မှုကြောင့် အနှောင့်အယှက်အနည်းငယ် ကြုံရပါတယ်။ ဒါတွေက ဆက်ဖြစ်နေရင် ပွဲတွေရွှေ့ဆိုင်းနေရတာနဲ့ ပတ်သက်လို့ အသေအချာ တွေးတောသွားဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။ ဘရိုက်တန်အသင်းဟာ ဝုဗ်နောက်ခံလူ ဆိုက်စ်ရဲ့ တစ်လုံးတည်းသော မြေမကျကန်ချက်ဖြင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ကွင်းလယ်လူ အမ်ဝီပူ ချေပဂိုးရမယ့်မဟာအခွင့်အရေးအဖြစ် အနီးကပ်ကန်ချက် ရခဲ့ပေမယ့် ဂိုးပေါက်မတည့်ခဲ့တာ ဖြစ်ပါတယ်”

“ဘရိုက်တန်အသင်းဟာ နိုင်ပွဲမရခဲ့တာ ၁၁ပွဲဆက် ရှိသွားပြီ ဖြစ်ပြီး လာမယ့်စနေနေ့မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆက်ကစားရမှာ ဖြစ်ပါတယ်။ ၃လခန့် နိုင်ပွဲပျောက်နေတာနဲ့ ပတ်သက်လို့ပေါ်တာက ပြောရာမှာ  “အနိုင်မရတဲ့အခါမှာ အာရုံစိုက်မှုကတော့ အမြဲ ရှိနေပါတယ် ကျွန်တော်တို့ဒီအချက်အလက်တွေနဲ့လက်တွေ့ကျရပါမယ် အဲဒီအချိန်တုန်းက သရေပွဲတွေ အများကြီးကျခဲ့တယ်။ စွမ်းဆောင်ရည် တစ်ချို့ပြသနိုင်ခဲ့သလို နိုင်ရမယ့်ပွဲတွေလည်း ရှိခဲ့ပါတယ် ဒါပေမဲ့ မလုပ်ခဲ့နိုင်ဘူး ဒီအချက်တွေနဲ့လက်ခံနိုင်ရပါမယ် အချိန်ခဏတော့ အနိုင်မရထားပါဘူး ဒါကို ရင်ဆိုင်ရပါမယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

#ဘရိုက်တန် #ဂရေဟမ် ပေါ့တာ