ရှေ့သို့
Image

ဟာလန်းကို ခေါ်ယူရေးကြိုးပမ်းမှုမှာ ရွိုင်းအိုလာ တောင်းဆိုတာကို လိုက်လျောဖို့ အသင့်ဖြစ်နေတဲ့ ဘာစီလိုနာ

1:59 PM, 16 December

ဘာစီလိုနာအသင်းဟာ အာလင်း ဟာလန်းကို ခေါ်ယူရေး ကြိုးပမ်းမှုမှာ အေးဂျင့် ရွိုင်းအိုလာ တောင်းဆိုတာကို လိုက်လျောဖို့ အသင့်ဖြစ်နေကြောင်း သိရပါတယ်။ ဟာလန်းဟာ အပြောင်းအရွှေ့စျေးကွက်မှာ နာမည်အကြီးဆုံး ကစားသမား ၁ဦးဖြစ်နေပြီး ဒေါ့မွန်က ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ခြေသွေးပေးခဲ့ပြီးနောက် လာမယ့်နှစ် နွေရာသီမှာ ရောင်းချသွားဖို့ ရှိနေပါတယ်။

ဟာလန်းကို ခေါ်ယူဖို့ မန်စီးတီး၊ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့လို ဥရောပထိပ်တန်း အသင်းကြီးတွေက ပစ်မှတ်ထားလျက် ရှိနေပါတယ်။ ဒါပေမဲ့ ဘာကာတို့ ဘဏ္ဍာရေး အကျပ်အတည်း ရင်ဆိုင်နေရသလို လိဂ်မှာလည်း အဆင့်နိမ့်နေတဲ့ အနေအထားမှာ အခြားအသင်းတွေနဲ့ ရင်ဆိုင်ရင် အခြေအနေက နိမ့်ကျနေခဲ့ပါတယ်။

နော်ဝေသားဟာ သူပြောင်းလာတဲ့ ဘယ်အသင်းကိုမဆို ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိနေပါတယ်။ ဟာလန်းရဲ့ ခြေစွမ်းက လုံး၀ကျဆင်းသွားခြင်း မရှိပဲ ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၁၅ပွဲမှာ ၁၉ဂိုး သွင်းထားခဲ့ပါတယ်။

ယခုနှစ်နွေရာသီ မက်ဆီကို ဆုံးရှုံးလိုက်ရတဲ့ ဘာစီလိုနာတို့ ဟာလန်းကို ခေါ်ယူရေး ပြန်လည် ကြိုးစားလာနိုင်ပါတယ်။ ဟာလန်းကို ခေါ်ယူရေးမှာ ဘာစီလိုနာတို့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာနဲ့ အရင်ညှိနှိုင်းပြီး တောင်းဆိုချက်တွေ လိုက်လျော့ဖွယ် ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

Sportရဲ့ ဖော်ပြချက်အရ ဘာကာဥက္ကဌ လာပေါ်တာဟာ အပြောင်းအရွှေ့စျေးကွက်အတွင်း ကောင်းမွန်စွာ လှုပ်ရှားနိုင်အောင် ရွိုင်းအိုလာနဲ့ နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဟာလန်းကို နူးကမ့်ထံ ခေါ်ယူနိုင်ရေးအတွက် လာပေါ်တာအနေနဲ့ ဘာမဆို လုပ်သွားဖို့ ရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းဟာ ရွိုင်းအိုလာလက်ထဲက နောက်ထပ် ကစားသမားတစ်ယောက်ဖြစ်တဲ့ အေဂျက်စ် ညာနော်ကခံလူ မာဇာအူအီကိုလည်း ခေါ်ယူရေး ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ မာဇာအူအီဟာ ယခုနှစ်ရာသီ အေဂျက်စ်မှာ ခြေစွမ်းြနေပြီး ၄ဂိုးသွင်းကာ ၃ဂိုးဖန်တီးထားခဲ့ပါတယ်။

#အပြောင်းအရွှေ့ #ဟာလန်း #ရွိုင်းအိုလာ ဘာစီလိုနာ