ရှေ့သို့
Image

ဝက်စ်ဟမ်းကိုအနိုင်ရရှိပြီးနောက် အာဆင်နယ် ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ မာတင်ကီယွန် ထောက်ခံ

10:59 AM, 16 December

အာဆင်နယ်ဂန္ထဝင်ဟောင်း မာတီကီယွန်က ဝက်စ်ဟမ်းကိုအနိုင်ရရှိပြီးနောက် အာဆင်နယ်ဟာ ၂၀၁၅ - ၁၆ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်အဆင့် ၄ နေရာဝင်နိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ဝက်စ်ဟမ်းကို မာတီနယ်လီ ၊ စမစ်ရိုတို့ရဲ့ ဂိုးတွေနဲ့အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ကာ အဆင့် ၄ နေရာကို တက်ရောက်လာနိုင်ခဲ့ပါတယ်။

စမစ်ရိုရဲ့ဂိုးကို အင်္ဂလန်အသင်းဖော် ဆာကာက ဖန်တီးပေးခဲ့တာဖြစ်ကာ အာဆင်နယ်အတွက် အနိုင်သေချာစေခဲ့ပါတယ်။ ပွဲအပြီးပြောကြားချက်မှာ မာတင်ကီယွန်က လက်ရှိအာဆင်နယ်အသင်းမှာ စည်းလုံးမှု နဲ့ စွမ်းဆောင်ရည်ကောင်းတွေရှိနေပြီး လိဒ်နဲ့ပွဲမှာလည်း အနိုင်ရရှိအောင်စွမ်းဆောင်ဖို့ အသင်းဟောင်းကို တိုက်တွန်းခဲ့ပါတယ်။

"အာတီတာ နဲ့ လူငယ်တွေက အလှည့်အပြောင်းတစ်ခုကို သွားနေရတာပါ။ သူတို့ ဂိုးတွေလိုအပ်နေဆဲပါ။ အခုက ခက်ခဲတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရတာပါ။ ဒါပေမယ့် သူတို့ ထိပ်ဆုံး ၄ သင်းနေရာဝင်ပါလိမ့်မယ်။ ကျွန်တော်လည်း သူတို့လုပ်နိုင်မယ်လို့ ခံစားနေရပါတယ်။ စမစ်ရိုကို ကျွန်တော် တော်တော်လေး သဘောကျပါတယ်။ သူဝင်လာပြီးနောက် ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်”

"အခုနိုင်ပွဲက အရေးပါပြီး လိဒ်ယူနိုက်တက်နဲ့ပွဲကို အခုလိုအနိုင်ရလိမ့်မယ်လို့ ထင်ပါတယ်။ လူတွေက အရည်အချင်းကိုပဲ မြင်ကြတာပါ။ သူတို့က အခုမှပြန်လည်တည်ဆောက်တုန်းပါ။ လာကာဇက်တီကလည်း ဒီနေ့ညမှာ အသင်းတိုက်စစ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ အကောင်းဆုံး အသင်းဖော် အူဘာမီယန်းမပါတာတောင် ခြေစွမ်းကောင်းပြသခဲ့ပါတယ်”လို့  ကီယွန်က ပြောကြားခဲ့ပါတယ်

အူဘာမီယန်းဟာ စည်းကမ်းပိုင်းဆိုင်ရာချိုးဖောက်ခဲ့တာကြောင့် ဆောက်သမ်တန် နဲ့ ဝက်စ်ဟမ်းတို့ပွဲလူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးစတားဟောင်း ဂျိုကိုးလ်ကလည်း အာတီတာရဲ့လူငယ်တွေနောက်မှာ အာဆင်နယ်ပရိသတ်တွေရှိနေမယ်လို့ ယုံကြည်နေပါတယ်။

#အာတီတာ #အာဆင်နယ် #ဝက်စ်ဟမ်း #အူဘာမီယန်း #မာတီနယ်လီ