ရှေ့သို့
Image

ဘာနာဒိုဆေးလ်ဗားကို အိုဇေးလ်၊ ကန်တီတို့နဲ့ ခိုင်းနှိုင်းလိုက်တဲ့ အိုဝင်ဟားဂရေ့ဗ်

4:20 PM, 15 December

ယူနိုက်တက်ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်က မန်စီးတီးစတား ဘာနာဒိုဆေးလ်ဗားကို ပြီးပြည့်စုံကစားသမားလို့ ချီးကျူးလိုက်ကာ အိုဇေးလ် ၊ ကန်တီတို့နဲ့ ခိုင်းနှိုင်းလိုက်ပါတယ်။

ပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ညတုန်းက လိဒ်ယူနိုက်တက်ကို ၇ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဖိုဒန် ၊ ဂရီးလစ်ချ် ၊ မာရက်ဇ် ၊ ဂျွန်စတုန်း ၊ အကီ ၊ ဒီဘရိုင်းတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

စီးတီးဟာ လိဒ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ၇ ပွဲဆက် အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ လီဗာပူးအသင်းကို ၄ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲအပြီးမှာ ဟားဂရေ့ဗ်က မန်စီးတီးစတားဖြစ်တဲ့ ဘာနာဒိုကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

"ဒီနေ့ပွဲမှာ ဘာနာဒိုဆေးလ်ဗားရဲ့ခြေစွမ်းက တော်တော်လေးကောင်းပါတယ်။ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကစားသမားလို့ ဆိုနိုင်သလို ၅ နေရာလောက်မှာလည်း ကစားနိုင်စွမ်းတဲ့သူပါ။ ဘောလုံးနေရာယူပုံကလည်း မော်ဒန်နံပါတ် ၁၀ ကစားသမားတွေဖြစ်တဲ့ အိုဇေးလ် ၊ ကော်တင်ဟိုတို့နဲ့တူသလို ဘောလုံးလိုက်လုတဲ့ပုံကလည်း ကန်တီနဲ့တူပါတယ်"လို့ ဟားဂရေ့ဗ်က ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီသားဟာ အသင်းထံဂျက်ဂရီးလစ်ချ်ရောက်လာပြီးနောက် မန်စီးတီးကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်နေပါတယ်။ အသက် ၂၇ နှစ်သားဟာ အခုရာသီမှာ ပြသနေတဲ့ခြေစွမ်းတွေကြောင့် မန်စီးတီးမှာ ဆက်ရှိနေဖွယ်ရှိနေပါတယ်။  မန်စီးတီးဟာ အခုလာမယ့် တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်စီးတီး #ဟားဂရေ့ဗ်