ရှေ့သို့
Image

လူသိရှင်ကြားသတိပေးခဲ့ပြီးနောက် ယူနိုက်တက်ကနေ ထွက်ခွာဖို့ များလာတဲ့ လင်ဂတ်

2:46 PM, 15 December

ယာယီနည်းပြ ရန်နစ်ရောက်လာပြီးနောက် ယူနိုက်တက်စတား လင်ဂတ်ဟာ ဇန်နဝါရီမှာ အသင်းပြောင်းဖို့ များနေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်သားရဲ့စာချုပ်သက်တမ်းက ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ကာ အသင်းပြောင်းဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဝက်စ်ဟမ်းမှာ ဒုတိယရာသီဝက်ကို ဖြတ်သန်းခဲ့ကာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားဆက်ရှိနေမယ်ဆိုရင် ယူနိုက်တက်မှာ ဆက်ရှိနေဖို့များပေမယ့် ရန်နစ်ရောက်လာချိန်မှာတော့ အသင်းပြောင်းဖို့ များလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာညနေခင်းသတင်းတွေအရ လင်ဂတ်ဟာ ဆိုးလ်ရှားကြောင့်သာ ယူနိုက်တက်ကို ပြန်လာခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားကာ ယူနိုက်တက်ကလည်း ဇန်နဝါရီမှာ ရောင်းချဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် မန်ချက်စတာညနေခင်းသတင်းဌာနက လင်ဂတ်အနေနဲ့ အသင်းမပြောင်းခင် ယူနိုက်တက်မှာပဲ ဆက်နေဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ လင်ဂတ်ဟာ ပေါ့ဂ်ဘာ ၊ မာတာ နဲ့ ကာဗာနီတို့နည်းတူ ယူနိုက်တက်မှာ အနာဂတ်မသေချာတဲ့ကစားသမားတွေထဲက ၁ ဦးဖြစ်ပါတယ်။

ရန်နစ်ကလည်း ပေါ့ဂ်ဘာရဲ့အခြေအနေကိုပြောကြားထားကာ အသင်းမှာ မနေချင်တဲ့ကစားသမားကို ဆက်ထိန်းမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #လင်ဂတ် #ရန်နစ်