ရှေ့သို့
Image

အူဘာမီယန်းကို ဖယ်ရှားခဲ့ပြီးနောက် အသင်းခေါင်းဆောင်ရာထူး အတွက် စံပြကစားသမား၁ဦးကို ရှာဖွေသင့်တယ်လို့ ဗီအဲရာဆို

2:20 PM, 15 December

ပက်ထရစ် ဗီအဲရာက အာဆင်နယ်အနေနဲ့ အသင်းခေါင်းဆောင်နေရာအတွက် အမြဲတမ်း အကောင်းဘက်မှ ရှိနေမယ့် ခေါင်းဆောင်၁ယောက်ကို ရှာဖွေရမယ်လို့ ပြောခဲ့ပါတယ်။  ပြင်သစ်သားဟာ ပရီးမီးယားလိဂ်မှာ အကျော်ကြားဆုံး အသင်းခေါင်းဆောင်တစ်ဦး သတ်မှတ်ခံခဲ့ရပြီး ၁၉၉၈ခုနှစ်မှာလည်း နိုင်ငံနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့ပါတယ်။

၂၀၀၃-၀၄ရာသီမှာလည်း ဂန်းနားတွေနဲ့အတူ ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးခဲ့ပါတယ်။ ဂန်းနားတွေဟာ ယမန်နေ့က အူဘာမီယန်းကို စည်းကမ်းပိုင်းချိုးဖောက်မှုကြောင့် အသင်းခေါင်းဆောင်ရာထူးကနေ ပယ်ဖျက်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နည်းပြ ဖြစ်နေပြီဖြစ်တဲ့ ဗီအဲရာက အာဆင်နယ်အသင်းက အသင်းခေါင်းဆောင် ပြဿနာအပေါ် သူ့ရဲ့ အမြင်ကို ပြောလာခဲ့ပါတယ်။

ဗီအဲရာက “နည်းပြတစ်ယောက်အနေနဲ့ အသင်းခေါင်းဆောင်နေရာကို အမြဲတမ်း ခေါင်းဆောင်၁ယောက်ပဲ ဖြစ်စေချင်မှာပါ။ ကွင်းတွင်း၊ ကွင်းပြင် အကောင်းဘက်က ရှိနေမယ့်သူ တစ်ယောက်ပါ။ အသင်းခေါင်းဆောင်ကို စံနမူနာ ဖြစ်စေချင်ပါတယ်။ အသင်းခေါင်းဆောင်က နည်းပြနဲ့ အထူးဆက်ဆံရေး ရှိရပါမယ်။ ဒါပေမဲ့ အကောင်းဘက်က ရှိနေမယ့် ခေါင်းဆောင်၁ဦးတော့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အူဘာမီယန်းကို နည်းပြ အာတီတာက စည်းကမ်းပိုင်းချိုးဖောက်မှုကြောင့် ဆောက်သမ်တန်နဲ့ပွဲမှာ ချန်လှပ်ခဲ့ပြီး ယနေ့ည ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ပါဝင်မှာ မဟုတ်ဘူးလို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

#အာဆင်နယ် #အူဘာမီယန်း #ဗီအဲရာ