ရှေ့သို့
Image

လိဒ်ယူနိုက်တက်ကို ၇ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒီဘရိုင်းကို ချီးမွန်းခန်းဖွင့်လိုက်တဲ့ ဂွါဒီယိုလာ

1:03 PM, 15 December

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ လိဒ်ယူနိုက်တက်အသင်းကို ၇ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ခြေစွမ်းပြပြီး ၂ ဂိုး သွင်းခဲ့တဲ့ ဒီဘရိုင်းရဲ့ခြေစွမ်းဟာ အံ့ဖွယ်လို့ ချီးမွန်းခန်းဖွင့်လိုက်ပါတယ်။ စီးတီးဟာ လိဒ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ၄ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ကာ ဖိုဒန် ၊ ဂျက်ဂရီးလစ်ချ် ၊ မာရက်ဇ် ၊ ဂျွန်စတုန်း ၊ အကီ နဲ့ ဒီဘရိုင်းတို့က သွင်းယူပေးခဲ့ပါတယ်။

ဒီဘရိုင်းကတော့ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ကာ ဂွါဒီယိုလာက "သူက တကယ့်အံ့ဖွယ်ပါ။ သူတို့ ကျွန်တော်တို့လိုအပ်ပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးတဲ့သူပါ။ သူကသူဖြစ်ချင်တာကို လုပ်ဆောင်နိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းဟာ ကိုဗစ်အခြေအနေကနေ ပြန်လာနိုင်ခဲ့ပြီးနောက် ပထမဆုံး ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပေမယ့် လိဒ်နဲ့ပွဲမှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ "သူက အလုပ်လုပ်ရင် နှိမ့်ချပြီး လုပ်သလို ပြီးခဲ့တဲ့ ၂ ရက်တုန်းကလည်း အကောင်းဆုံးလေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်။ သူ့ကိုလွမ်းနေတာကြာပါပြီ။ သူက ကျွန်တော်တို့နဲ့ ၆ ရာသီလောက်ဖြတ်သန်းခဲ့တာပါ။ ပြီးတော့ သူပြန်လာနိုင်တာကို ကျွန်တော်တို့ ကျေနပ်ပါတယ်။ တစ်ဆင့်ချင်းသွားရမှာပါ။ သူရုန်းကန်ရတာတွေတော့ ရှိနေဆဲပါ"လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂွါဒီယိုလာက အခုလိုကြားရက်ပွဲမှာ တခဲနက်လာအားပေးတဲ့ မန်စီးတီးပရိသတ်တွေကိုလည်း ချီးကျူးခဲ့ပါတယ်။

#မန်စီးတီး #လိဒ်စ်ယူနိုက်တက် #ဂွါဒီယိုလာ #ဒီဘရိုင်း