ရှေ့သို့
Image

လိဒ်စ်ကို ဒါဇင်ဝက်ဂိုးသွင်းပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းလို့ မန်စီးတီးကို ချီးကျူးလိုက်တဲ့ ဟားဂရေ့ဗ်

12:46 PM, 15 December

မန်စီးတီးအသင်းဟာ လိဒ်စ်နဲ့ ပွဲတွင် ပြိုင်ဘက်ကို ၇ဂိုးပြတ် အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ရဲ့ လက်ရှိအကောင်းဆုံး အသင်းလို့ အိုဝင်ဟားဂရေ့ဗ်က ပြောပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ အီတီဟက်ဒ်မှာ လိဒ်စ်ကို ဂိုးပြတ်သွင်းခဲ့ပြီး အာဂျင်တီးနားသားလိဒ်စ်နည်းပြကြီး ဘီရယ်ဆာအတွက်လည်း အင်္ဂလန်ထိပ်တန်းလိဂ်မှာ ပထမဆုံး ဂိုးပြတ် ရှုံးပွဲနဲ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ နည်းပြဂွါဒီယိုလာလက်အောက်မှာလည်း လိဂ်ဂိုး၅၀၀ပြည့်ခဲ့ပြီး ကတ္တလန်သားလက်ေအောက် ၂၀၇ပွဲမြောက်ဖြစ်ပါတယ်။ အယ်လန်ရုဒ်တွင် ကစားတဲ့ပွဲတွင် ဒီဘရိုင်း အဓိက ခြေစွမ်းပြခဲ့ပြီး ဖီးလ်ဖိုဒမ်၊ ဂရီးလစ်ရှ်၊ မာရက်ဇ်၊ ဂျွန်စတုန်း၊ အကီတို့လည်း အသီးသီး ဂိုးသွင်းယူခဲ့ကြပါတယ်။

“မန်စီးတီးက လုံး၀ မယုံကြည်နိုင်စရာပါ။ သူတို့ပရီးမီးယားလိဂ်ရှိ ဘယ်အသင်းမဆိုထက် အကောင်းဆုံးနဲ့မြန်ဆန်စွာ ဘောလုံးကစားနိုင်ခဲ့တယ်။ ဘောလုံးကို ရွေ့နိုင်တာထက် ပိုကောင်းအောင် ကစားခဲ့ကြတယ်။ ဘောလုံးထိချက်မှာလည်း ဖြုန်းတီးတာ မရှိဘူး အားလုံးက ဦးတည်ချက်ပါပြီး ဂိုးပေါက်ရှေ့မှာ သေသပ်မှု ရှိခဲ့ပါတယ်။ ပက်က အမြဲတမ်း ဧရိယာအတွင်းက အကြောင်းတွေ ပြောပါတယ် ပြိုင်ဘက်ဧရိယာထဲမှာ သူတို့အရမ်းထူးချွန်ပြီး သေသပ်မှုရှိပါတယ်အသင်းမှာလည်း ကမ္ဘာ့အဆင့်ကစားသမားတွေ ရှိပါတယ်။ ကျွန်တော်တို့ဒီပွဲမတိုင်ခင် ဒီဘရိုင်းမပါတဲ့ အကြောင်းကို ပြောခဲ့ကြတယ်။ သူသာ ကြံခိုင်မှုကောင်းပြီး အကောင်းဆုံးနဲ့ ပွဲထွက်လာရင် ကျန်သူတွေကို ကံကောင်းပါစေလို့သာ ပြောချင်ပါတယ်။ ပြောရရင် မျှတတဲ့ တိုက်ပွဲတော့မဟုတ်ဘူး သင့်ကို အရိုးသားဆုံးပြောတာပါ။ မယုံကြည်နိုင်စရာ တိုက်ဆိုင်မှုပါပဲ။ မန်စီးတီးကို ချီးကျူးရမှာပါ သူတို့က လက်ရှိ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းပါပဲ”ဟု ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ လက်ရှိမှာတော့ ဒုတိယနေရာက လီဗာပူးနဲ့တစ်ပွဲအပို ရမှတ်၄မှတ် ဖြတ်ထားခဲ့ပြီး အမှတ်ပေးဇယားထိပ်ကို ဦးဆောင်ထားပါတယ်။ လီဗာပူးအသင်းက ကြာသပတေးညမှာ နယူးကာဆယ်ကို အန်ဖီးလ်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

#မန်စီးတီး #လိဒ်စ်ယူနိုက်တက် #ဟားဂရေ့ဗ်