ရှေ့သို့
Image

မန်စီးတီးကို ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲက စွမ်းဆောင်ရည်ဟာ လိဒ်စ်နည်းပြဘ၀ အဆိုးရွားဆုံးပဲလို့ ဘီယဲလ်ဆာဆို

9:16 AM, 15 December

မာဆယ်လို့ ဘီယဲလ်ဆာဟာ မန်စီးတီးနဲ့ပွဲစဉ်က လိဒ်စ်ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်အပေါ် လုံး၀ကျေနပ်ခြင်းမရှိပဲ အသင်းနည်းပြဘ၀ ၄နှစ်တာအတွင်း အဆိုးရွားဆုံး ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

လိဒ်စ်တို့ ယမန်နေ့ညက မန်စီးတီးကို ၇ဂိုးပြတ် ရှုံးခဲ့ပေမဲ့ တကယ်တမ်းမှာ စီးတီးထပ်သွင်းရင် ဒီထက်ဂိုးပြတ်တဲ့ ရှုံးပွဲနဲ့ ကြုံတွေ့သွားရနိုင်တာ ဖြစ်ပါတယ်။ လိဒ်စ်ဟာ အဆင့်၁၈နေရာက ဘန်လေထက် ၂ပွဲပိုကစားထားပေမဲ့ ၅မှတ်သာ ကွာပြီး အဆင့်၁၆နေရာမှာ ရှိနေပါတယ်။

ပွဲအပြီးမှာ ဘီယဲလ်ဆာက “ဒီစွမ်းဆောင်ရည်က ၄နှစ်အတွင်း အဆိုးဆုံးပါပဲ။ အခိုက်အတန့်တစ်ခုလေးတောင်မှ ပွဲကို ဟန်ချက်ညီအောင် မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ သူတို့ လုပ်သမျှ ခွင့်ပြုပေးခဲ့ပြီး ဘာမှကို တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။ စီးတီးက အရမ်းကြီးကောင်းလို့လည်း မဟုတ်ပဲ ကျွန်တော်တို့ ဆိုးနေတာက စီးတီး ကောင်းတာက ပိုနေတာပါ။ မန်စီးတီးတို့ ဒီလိုပဲ အမြဲကစားနေတာ ဖြစ်ပေမဲ့ ကျွန်တော်တို့ ၄နှစ်အတွင်း ခုကစားတဲ့ပုံစံက အဆိုးဆုံးပါပဲ”

“ကစားပုံက ကောင်းမွန်ခြင်း လုံး၀မရှိခဲ့ပါဘူး။ ဒီပွဲကနေ ကျွန်တော်တို့ အကောင်းဘက်က မြင်စရာ ဘာမှမရှိပါဘူး။ တန်ဖိုးရှိမယ့်အရာလည်း တစ်ခုမှ မမြင်ပါဘူး။ ကျွန်တော် မျှမျှတတ ပြောစရာလည်း တစ်ခုမှ မတွေ့ပဲ ဒီပွဲက ထင်ထားတဲ့အအတိုင်း ဖြစ်လာတယ်။ ကျွန်တော်တို့ ဒီလိုဖြစ်မယ်ထင်လို့ ရှောင်လွှဲနိုင်ဖို့ ပြင်ဆင်ခဲ့ပြီး ဘာမှမရခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #လိဒ်စ်ယူနိုက်တက် #ဘီယဲလ်ဆာ